မြိတ်မြို့၌ ကျပ်သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမည့်ဟိုတယ်သစ်တစ်ခု ခွင့်ပြု

01 March, 2020

ယခုနှစ်အတွင်း ဒုတိ ယအကြိမ်ကျင်းပသည့် တနင်္သာ ရီတိုင်းဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအစည်းအဝေး တွင် ကျပ်သန်း ၈၀၀ ရင်းနှီးမြှုပ် နှံမည့် ဟိုတယ်လုပ်ငန်းလိုင်စင် တစ်ခု ခွင့်ပြုခဲ့သည်။

 အဆိုပါဟိုတယ်သည်မြိတ် မြို့ကမ်းနားလမ်းတွင် တည် ဆောက်မည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ကြောင်း၊ တည်ဆောက် မှုကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းသိန်းကပြောသည်။

 တနင်္သာရီတိုင်းဒေသဆိုင် ရာခရီးသွားလုပ်ငန်းကော်မတီအ စည်းအဝေးတွင် ခရီးသွားဝန် ဆောင်မှုကုမ္ပဏီလိုင်စင် သုံးခု အသစ် ချထားပေးသော်လည်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ နှစ် ခုက လိုုင်စင်ပြန်လည်အပ်နှံ့ခဲ့ သည်။

 အဆိုပါလိုင်စင် ပြန်အပ် သည် COVID - 19 ရောဂါ ကြောင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်း ကျဆင်းနေသည်နှင့် မသက်ဆိုင်ကြောင်း ဦးဝင်းသိန်း ကပြောသည်။

 ‘‘တချို့က လုပ်ငန်းတွေ တွဲလုပ်တာရှိတယ်။ တစ်ခုက အားကောင်းလာရင် ခရီးသွား လုပ်ငန်းကို ဆက်မလုပ်တော့တဲ့ ပုံစံပါ’’ ဟု ၎င်းကပြောသည်။  

 တနင်္သာရီတိုင်းဒေသဆိုင် ရာ ခရီးသွားလုပ်ငန်းကော်မတီအ စည်းအဝေးတွင် ဟိုတယ်လိုင်စင် သက်တမ်းတိုး၊ ခရီးသွားကုမ္ပဏီ သက်တမ်းတိုးများနှင့် ဧည့်လမ်း ညွှန်လိုင်စင်သက်တမ်းတို့ကို အ တည်ပြုခွင့်ပြုပေးခဲ့သည်ဟု ဦး ဝင်းသိန်းကပြောသည်။

Hospitality Read 71 times