ဘင်္ဂလားဒေ့ရှ် အမြန်လမ်းမကြီး ၈ သွယ် စီမံကိန်းများ


04 December, 2021

ဘင်္ဂလားဒေ့ရှ် အစိုးရက မဟာစီမံကိန်းအဖြစ် အမြန်လမ်းမ ၈ ခုကို ပင်လယ်ဆိပ်ကမ်းများနဲ့ ကုန်တွင်းဆိပ်ကမ်းများကို ချိတ်ဆက်ဖို့နဲ့ မြန်မာ အပါအဝင် အိမ်နီးနားချင်း နိုင်ငံများနဲ့ ချိတ်ဆက်ဖို့ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။

လမ်းများနှင့် အမြန်လမ်းများ ဌာန က စီမံကိန်းကို ပြင်ဆင်နေပါတယ်။ 
အမြန်လမ်း ၅ ခုကို တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသများ ချိတ်တက်ဖို့ ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃ ခုရ အရှေ့နဲ့ အနောက် ဒေသများကို ချိတ်ဆက်မှာ ဖြစ်ပါတယ်။

လက်ရှိလမ်းများအစား အသစ်ဖောက်မယ့် အမြန်လမ်းမ ၄ ခု ဆောက်လုပ်ဖို့ အဆိုပြုထားတဲ့ အလျား စုစုပေါင်း ၂,၃၅၂ ကီလိုမီတာ ရှိပါတယ်။ ခရီးဝေးသွားသူများနဲ့ ကုန်ကားများကိုသာ အသုံးပြုခွင့် ပေးမှာ ဖြစ်ပါတယ်။ လမ်းအသုံးပြုခများ ကောက်ခံမှာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူအချို့က သုံးသပ်တာမှာ အမြန်လမ်းမကြီးတွေက စီးပွားရေးအကျိုးကျေးဇူး ပြုမှာလားဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။ 
စီမံကိန်းရေးဆွဲသူတွေကတော့ ဘင်္ဂလားဒေ့ရှ် စီးပွားရေး အနာဂတ်ရဲ့ အဓိကသွေးကြောတွေ ဖြစ်လာလိမ့်လို့ ဆိုပါတယ်။

လမ်းတံတား အခြေခံ အဆောက်အအုံ သေသေချာချာ အစီအစဉ် ချမှတ်ဆောင်ရွက်မယ် ဆိုရင် လမ်းတံတား အခြေခံအဆောက်အအုံ စီမံကိန်းများဟာ တိုင်းပြည်စီးပွားရေး တောင့်တင်းအောင် ထောက်ကူတဲ့ ကျောရိုးမကြီူများ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အခြား နိုင်ငံအများအပြား၊ ဒေသအများအပြားတို့မှာလည်း အကျိုးကျေးဇူးများ ရရှိနေတဲ့ သာဓကတွေ ရှိနေတယ်လို့ ရှင်းပြပါတယ်။

အရင်ဆုံး ဆောက်လုပ်မယ့် အမြန်လမ်းမကြီးက Tamabil ကုန်းတွင်းဆိပ်ကမ်းနဲ့ Cox's Bazar တို့ကို ဆက်သွယ်ပေးမယ်။ စစ်တကောင်းနဲ့ မာတာဘာရီ ပင်လယ်ဆိပ်ကမ်းများနှင့်လည်း ချိတ်ဆက်ပေးထားမှာ ဖြစ်ပါတယ်။ ၎င်း အမြန်လမ်းမကြီးက အရှည်ဆုံးဖြစ်ပြီး ၅၄၅ ကီလိုမီတာ အလျား ရှိပါတယ်။

အမြန်လမ်းမကြီးတွေက ပြည်တွင်း ချိတ်ဆက်မှုများအပြင် အခြားအာရှနိုင်ငံများနှင့်လည်း ချိတ်ဆက်ဖို့ ရည်ရွယ်ချက် ထားရှိပါတယ်။ ဒေသတွင်း ချိတ်ဆက်မှုများအဖြစ်
ယAsian Highway Connectivity, South Asian Sub-Regional Economic Cooperation (Sasec) Road Connectivity နဲ့  Saarc Connectivity  အစရှိတဲ့ ချိတ်ဆက်မှုများမှာ ပေါင်းစပ်ပါဝင်မှာ ဖြစ်ပါတယ်။

ပါကစ္စတန်မှာ အမြန်လမ်းမကြီး ၁၁ ခု၊ အိန္ဒိယမှာ ၂၂ ခု၊ မလေးရှားမှာ ၃၇ ခု ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ Dhaka-Mawa အဝေးပြေးလမ်းမကြီး တစ်ခုတည်း ရှိပါတယ်။

Infrastructure and Zones Read 541 times