အိမ်ဆောက်ရာတွင် မသုံးသင့်သည့် သစ်အမျိုးအစားများ

12 March, 2024

အခုခေတ်မှာ သစ်သားနဲ့ အိမ်ဆောက်လုပ်တာဟာ ရှားပါးပေမဲ့ သစ်သားနဲ့ အိမ်အလှဆင်ခြင်းကိုတော့ နယ်မြို့တွေသာမက ခေတ်မီတိုးတက်လာတဲ့ မြို့ပြကြီးတွေမှာပါ အသုံးများကြပါတယ်။ 

သစ်သားကို အသုံးပြုရာမှာ မသုံးအပ်တဲ့ သစ်အမျိုးအစားတွေကို ရှေးစာပေ၊ ကျမ်းဂန်တွေမှာ ဖော်ပြထားခဲ့ကြပါတယ်။ ဒီအဆိုအမိန့်တွေကိုလည်း ယခင်ခေတ်အဆက်ဆက်က လိုက်နာကျင့်သုံးခဲ့ကြပါတယ်။

အလှဆင်တာပဲဖြစ်ဖြစ်၊ အိမ်ဆောက်ရာမှာ အသုံးပြုတာပဲဖြစ်ဖြစ် မသုံးအပ်တဲ့ သစ်တွေကတော့....

၁။ ခုတ်ဖြတ်စဉ် တွဲလွဲ ကျနေသောသစ် (သစ်ဆွဲချ)

၂။ သစ်ခွ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)

၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ်ဘီးလူး)

၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)

၅။ လမ်းကူး ချောင်းကူးသစ် (သစ်တံတား(ခ) သစ်လမ်းကူး)

၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)

၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ်နဂါး)

၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို) တို့ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်၊ ကျောင်း ဆောက်ရာတွင်

၁။ မိကျောင်းသစ်

၂။ မအူသစ်

၃။ သခွတ်သစ်

၄။ ညောင်သစ်

၅။ သျှစ်သျှားသစ်

၆။ သီး(သား)ပင်မှ ရတဲ့သစ်

၇။ သပြေပင်မှ ရတဲ့ သစ်

၈။ သစ်စိမ်ရေသား

၉။ ကလော

၁၀။ လက်ပံပင်မှ ရရှိတဲ့ သစ်

၁၁။ လဲပင်မှ ရရှိသောသစ် စတဲ့ သစ်အမျိုးအစား (၁၁)မျိုးကို အသုံးမပြုရပါ။

အဆိုပါသစ်အမျိုးအစားတွေကို ရှောင်ကျဉ်မယ်ဆိုရင်တော့ သင့်အိမ်ဟာ စီးပွားတိုးတက်ခြင်း၊ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံစေမှာ ဖြစ်ပါတယ်။

Read 187 times