ကမ္ဘာ့အမြင့်ဆုံးနဲ့ ခမ်းနား အလှပဆုံးသော မိုးမျှော်တိုက် (၁၀) ခု

10 March, 2023

ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဗိသုကာပညာရှင်တွေဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတွေအဖြစ် အသိအမှတ်ပြု ခံနိုင်ဖို့အတွက်  ပြီးပြည့်စုံပြီး လှပတဲ့ အဆောက်အဦး ဒီဇိုင်းတွေကို အစဉ်အမြဲ ပြိုင်ဆိုင် ရေးဆွဲလေ့ ရှိပါတယ်။ 

 

တရုတ်၊ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ အံ့မခန်းတဲ့ အဆောက်အဦများစွာ ရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးတွေ စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ အဆောက်အဦး အားလုံးဟာ မြင့်မားရုံသာမက အလွန်လှပပြီး ကြီးကျယ် ခမ်းနားတဲ့ မိုးမျှော်တိုက်တွေပဲ ဖြစ်ကြပါတယ်။

 

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးတွေ ရွေးချယ်ရမှာ မြင့်တာ တစ်ခုထဲ မဟုတ်ပဲ အဆောက်အဦးရဲ့ ခေတ်မီတဲ့ ခေတ်ပြိုင်ဒီဇိုင်းဖြစ်ခြင်း၊ ထင်ရှားလှပခြင်း၊ နည်းပညာမြင့်မားခြင်း စတဲ့ အဆင့်သတ်မှတ်ချက်တွေကို ပြည့်မီမှသာ ပါဝင်ခွင့် ရတယ်လို့ ဆိုပါတယ်။

 

ဒီတော့ ဘယ်နိုင်ငံတွေက ဘယ်အဆောက်အဦးတွေက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး (၁၀) ခု စာရင်းထဲမှာ ပါဝင်နေလဲ ဆိုတာ ကြည့်လိုက်ရအောင်။

 

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး (၁၀) ခု

 

  • Burj Khalifa Tower : Dubai, United Arab Emirates

  • Shanghai Tower : Shanghai, China

  • Abraj Al-Bait Clock Tower : Mecca, Saudi Arabia

  • Ping An International Finance Centre : Shenzhen, China

  • Lotte World Tower : Seoul, South Korea

  • One World Trade Center : New York City, United States

  • Guangzhou CTF Finance Centre : Guangzhou, China

  • Tianjin CTF Finance Centre : Tianjin, China

  • China Zun : Beijing, China

  • Taipei 101 : Taipei, Taiwan

 

Advertisement

Click Here > Astir Power Co., Ltd.

 

အပေါ်မှာ  ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး (၁၀) ခု စာရင်းကို ဖော်ပြပြီးသွားပြီဆိုတော့ အဆောက်အဦး တစ်ခုချင်းစီရဲ့ အမြင့်၊ အထပ် စတဲ့ အကြောင်းအရာတွေကို အသေးစိတ်၏ ဆက်လက် ပြောပြပေးသွားပါမယ်။

 

၁။ Burj Khalifa Tower

 

မြို့နှင့် နိုင်ငံ         : ဒူဘိုင်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု

အမြင့်                : ၂,၇၁၇ ပေ

အထပ်               : ၁၆၃ ထပ် ( မြေအောက်ထဲမှာ ၁ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၀ ခုနှစ်

 

ဒူဘိုင်းမြို့လယ်မှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ Burj Khalifa Tower ကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလက စတင် ဖွင့်လှစ်ခဲ့ပါတယ်။ Burj Khalifa ဟာ ၂,၇၁၇ ပေ ရှိတဲ့ မိုးမျှော်တိုက်တစ်ခု ဖြစ်ပြီး ဇိမ်ခံ လူနေတိုက်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ အလုပ်နေရာတွေ အပါအဝင် အထပ်ပေါင်း (၁၆၃) ထပ်ထိ ပါဝင်ပါတယ်။

 

သူ့ရဲ့ အထူးခြားဆုံးက အပေါ်ဆုံးထပ်က ရှုခင်းကြည့်ကုန်းပတ်နဲ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်တဲ့ ဓာတ်လှေကား ဖြစ်ပြီး ကမ္ဘာ့စံချိန်များစွာကို ရရှိထားပါတယ်။ ဒီအထင်ကရဆ     အဆောက်အဦး Burj Khalifa ဟာ New York မှာ ရှိတဲ့ Empire State အဆောက်အဦးထက် နှစ်ဆလောက်တောင် မြင့်တယ်လို့ ဆိုပါတယ်။

 


 

၂။ Shanghai Tower

 

မြို့နှင့် နိုင်ငံ         : ရှန်ဟိုင်း၊ တရုတ်နိုင်ငံ

အမြင့်                : ၂,၀၇၃ ပေ

အထပ်               : ၁၂၈ ထပ် ( မြေအောက်ထဲမှာ ၅ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၅ ခုနှစ်

 

 

၃။ Abraj Al-Bait Clock Tower

 

မြို့နှင့် နိုင်ငံ         : မက္ကာ၊ ဆော်ဒီအာရေဗျနိုင်ငံ

အမြင့်                : ၁,၉၇၂ ပေ

အထပ်               : ၁၂၀ ထပ် ( မြေအောက်ထဲမှာ ၃ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၂ ခုနှစ်

 


 

၄။ Ping An International Finance Centre

 

မြို့နှင့် နိုင်ငံ         : Shenzhen၊ တရုတ်နိုင်ငံ

အမြင့်                : ၁,၉၆၆ ပေ

အထပ်               : ၁၁၅ ထပ် ( မြေအောက်ထဲမှာ ၅ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၇ ခုနှစ်

 


 

၅။ Lotte World Tower

 

မြို့နှင့် နိုင်ငံ         : ဆိုးလ်၊ ကိုရီးယားနိုင်ငံ

အမြင့်                : ၁,၈၁၉ ပေ

အထပ်               : ၁၂၃ ထပ် ( မြေအောက်ထဲမှာ ၆ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၇ ခုနှစ်

 

 

၆။ One World Trade Center

 

မြို့နှင့် နိုင်ငံ         : နယူးယောက်၊ အမေရိကန်နိုင်ငံ

အမြင့်                : ၁,၇၇၆ ပေ

အထပ်               : ၉၄ ထပ် ( မြေအောက်ထဲမှာ ၅ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၄ ခုနှစ်

 

 

၇။ Guangzhou CTF Finance Centre

 

မြို့နှင့် နိုင်ငံ         : ကွမ်ကျိုး၊ တရုတ်နိုင်ငံ

အမြင့်                : ၁,၇၃၉ ပေ

အထပ်               : ၁၁၁ ထပ် ( မြေအောက်ထဲမှာ ၅ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၆ ခုနှစ်

 


 

၈။ Tianjin CTF Finance Centre

 

မြို့နှင့် နိုင်ငံ         : တီယန်ကျင်း၊ တရုတ်နိုင်ငံ

အမြင့်                : ၁,၇၃၉ ပေ

အထပ်               : ၉၇ ထပ် ( မြေအောက်ထဲမှာ ၄ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၉ ခုနှစ်

 


 

၉။ China Zun

 

မြို့နှင့် နိုင်ငံ         : ပေကျင်း၊ တရုတ်နိုင်ငံ

အမြင့်                : ၁,၇၃၁ ပေ

အထပ်               : ၁၀၉ ထပ် ( မြေအောက်ထဲမှာ ၈ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၁၈ ခုနှစ်

 


 

၁၀။ Taipei 101

 

မြို့နှင့် နိုင်ငံ         : ထိုင်ပေ၊ ထိုင်ဝမ်

အမြင့်                : ၁,၆၆၇ ပေ

အထပ်               : ၁၀၁ ထပ် ( မြေအောက်ထဲမှာ ၅ ထပ်ပါ။ )

ပြီးစီးသည့်ရက်စွဲ : ၂၀၀၄ ခုနှစ်

 

 

ဒီအဆောက်အဦး စာရင်းထဲမှာဆိုရင် တရုတ်နိုင်ငံက အဆောက်အဦးတွေက (၅) ခုထိ ပါရှိနေပြီး အာရပ်၊ ဆော်ဒီ၊ ကိုရီးယား၊ အမေရိကန်နဲ့ ထိုင်ဝမ် နိုင်ငံတွေကတော့ (၁) ခုစီ ပါဝင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ရှိတဲ့ Merdeka 118 တာဝါကတော့ ဆောက်လုပ်နေစ ဖြစ်တာမို့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး (၁၀) ခု စာရင်းထဲမှာ မပါသေးပေမယ့် သူသာ ပြီးစီးသွားရင် ဒုတိယနေရာမှာ ရပ်တည်နေနိုင်တယ်လို့ သိရပါတယ်။

 

Su Mon Oo

Ref : Magic Brick

Read 487 times