ရန်ကုန်မှာ ကျင်းပ ပြုလုပ်မယ့် Builders Myanmar 2023

21 February, 2023

မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော Building & Construction Expo - Builders Myanmar 2023 ကို လာမယ့် ဇူလိုင်လ (၆) ရက်နေ့ကနေ (၈) ရက်နေ့အထိ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ Novotel Yangon Max မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

 

Builders Myanmar 2023 ကို Fireworks Myanmar က စီစဉ် ကျင်းပတာဖြစ်ပြီး ပြည်တွင်းပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကန်ထရိုက်တာများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ ဗိသုကာလုပ်ငန်း ပညာရှင်များ စတဲ့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းများစွာ ပါဝင်ပါတယ်။

 

ပွဲကို ဇူလိုင်လ (၆) ရက်နေ့ကနေ (၈) ရက်နေ့အထိ (၃) ရက်တိုင် ကျင်းပမှာ ဖြစ်ပြီး မနက် (၁၀) နာရီကနေ ညနေ (၅) နာရီအတွင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အခမဲ့ သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
 

Advertisement

Click Here > Astir Power Co., Ltd.

 

Building & Construction Expo တွေကို ၂၀၁၅ ခုနှစ်က စတင် ကျင်းပခဲ့ပြီး ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ဆက်တိုက် ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေမှာ (၃) နှစ်ဆက်တိုက် ရပ်နားထားခဲ့ရာကနေ အခု ၂၀၂၃ ခုနှစ်မှာမှ ပြန်လည် ကျင်းပမှာ ဖြစ်ပါတယ်။

 

လာမယ့် ၂၀၂၄ ခုနှစ်မှာလည်း Builders Myanmar 2024 ကို ဆက်လက် ကျင်းပသွားဖို့ ရှိတယ်လို့ ပွဲစီစဉ်သူဖြစ်တဲ့ Fireworks Myanmar က ဖော်ပြထားပါတယ်။

 

အသေးစိတ် လေ့လာရန်

> http://buildmyanmar.com/ 

 

Fireworks Myanmar

No. 561, 563, 565, 567, Merchant Street #801-804, Kyauktada Township, Yangon, Myanmar

Tel: +95-1378-410

http://www.asiafireworks.com/ 

 

Novotel Yangon Max

459 Pyay Road, Kamayut Tsp PO BOX 895, Yangon, Myanmar

Tel: +95-1-2305858

http://www.novotel.com/

Read 601 times