လှပသေသပ်တဲ့ အိပ်ခန်းတစ်ခန်းရရှိဖို့ လိုအပ်တဲ့ အခြေခံအချက်တွေက ဘာတွေလဲ


04 March, 2022

အိပ်ရာဆိုတာ လူတစ်ယောက်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ တစ်နေ့တာပင်ပန်းမှုတွေကို အပန်းဖြေအနားယူတဲ့ နေရာငယ်လေးတစ်ခုဆိုလည်း မမှားပါဘူး။ လူအများစုက အားလပ်ချိန်တွေကို အိပ်ရာပေါ်မှာနေရင်း ဖြတ်သန်းကြပါတယ်။ 

ဒါ့ကြောင့် မိမိနေထိုင်တဲ့ အိပ်ခန်း/အိပ်ယာက သန့်ရှင်းသပ်ရပ်ပြီး နေထိုင်ချင်စဖွယ်လေး ဖြစ်နေရပါမယ်။ အဲ့တာမှ ပင်ပန်းမှုတွေကို စိတ်ကျေနပ်စေမှာပါ။ အကယ်၍ ကိုယ့်ရဲ့ အခန်းက ဖရိုဖရဲနဲ့ မသန့်ရှင်းဘူးဆိုရင် ရောဂါဝေဒနာတွေလည်း ဖြစ်လာနိုင်သလို စိတ်ချမ်းသာမှုကို ရဖို့ခက်ခဲနိုင်ပါတယ်။

ဒါဆို ကိုယ့်ရဲ့ အခန်းကို လှလှပပနဲ့ သေသေသပ်သပ်လည်းဖြစ်နေအောင် ဘယ်လိုလုပ်ကြမလဲ။ အိပ်ခန်းကို အလှဆင်တဲ့အခါ အရမ်းကြီးစဉ်းစားနေစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ရှိတာလေးနဲ့ နေချင်စဖွယ်လေးပြင်ဆင်တတ်တာကလည်း Talent တစ်ခုမို့လို့ပါပဲ။ ကိုယ့်ရဲ့ အိပ်ခန်းကို အလှဆင်တဲ့အခါမှာ ယေဘုယျအားဖြင့် သိထားသင့်တဲ့ ပြင်ဆင်ချက်အချို့တော့ရှိပါတယ်။ 

43 Beautiful Bedroom Ideas - Bedroom Decor Ideas

အခန်းအတွက် အရောင်းရွေးချယ်တဲ့အခါ ဖျော့တဲ့အရောင်ကို ရွေးပါ။

အရောင်ရင့်ရင့်တွေကို ရွေးချယ်မယ့် အစား အေးချမ်းပြီး ဖျော့တဲ့အရောင်လေးတွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ကိုယ့်ရဲ့ အရောင်ရွေးချယ်မှုက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပုံဖော်နိုင်သလို အရောင်ကြောင့်လည်း စိတ်ခံစားချက်ကို အေးချမ်းစေပါတယ်။

5 Furniture Designs Essential to a Functional Kids Room | Beautiful Homes

မျက်နှာကြပ်ကို သန့်သန့်ရှင်းရှင်းထားဖို့လည်း မမေ့ပါနဲ့။

အခန်းထဲမှာ အနားယူလှဲလျောင်းတဲ့အခါ ပထမဆုံးမြင်ရမှာက မျက်နှာကြပ်ဖြစ်ပါတယ်။ မျက်နှာကြပ်က ညစ်ပတ်နေပြီး ပင့်ကူမျှင်တွေနဲ့ဆိုရင် စိတ်ထဲမှာ ဘယ်လိုမှအဆင်ပြေနေမှာ မဟုတ်ပါဘူး။ နောက်ပြီး မျက်နှာကြပ်ကို ရွေးချယ်တဲ့အခါမှာ အဖြူရောင်ရွေးတာများကြပါတယ်။ 

27+ Bedroom Ideas for Women That Impress in 2022 | Houszed

အိပ်ခန်းကို ရိုးရိုးရှင်းရှင်းထားပါ။

အိပ်ခန်းတစ်ခန်းကို ဘယ်လိုပုံစံရွေးချယ်ပါစေ ရိုးရှင်းနေဖို့က အဓိကကျပါတယ်။ အခန်းကိုအလှဆင်နေပေမယ့် နေရာအကျယ်အဝန်းက မရိုးရှင်းဘဲ ရှုပ်နေရင် စိတ်ကျေနပ်မှုကို အပြည့်အဝရမှာ မဟုတ်ပါဘူး။ ပရိဘောကပစ္စည်းတွေက အများကြီးရှိတိုင်းမကောင်းပါဘူး။ လိုအပ်သလောက်နဲ့ပဲ အံ့ဝင်ခွင်ကျရှိနေဖို့ လိုပါတယ်။

Key requirements for a practical and beautiful guest room | Mental Itch

ကိုယ့်အခန်းရဲ့ အလင်းအမှောင်ကို ချိန်ဆပါ။

အိပ်ခန်းတစ်မှာ သက်ဆိုင်ရာနေရာနဲ့ ပတ်သက်ပြီး အလင်းရောင်တစ်ခုချင်းစီ ထားသင့်ပါတယ်။ အခန်းတစ်ခုလုံးကို အပြင်အလင်းရောင်ဝင်ဖို့ ပြတင်းပေါက်တစ်ခုတော့ အနည်းဆုံးရှိရမှာဖြစ်ပြီး မီးလုံးငယ်တွေကို စာဖတ်တဲ့နေရာနဲ့ အခြားအလင်းရောင် ရဖို့ အသုံးပြုရပါမယ်။ 

ဒီအချက်လေးတွေက ကိုယ့်ရဲ့ အိပ်ခန်းကို အလှဆင်မယ့်သူတွေအတွက် သိထားသင့်တဲ့ အခြေခံအချက်လေးတွေဖြစ်ပြီးတော့ ကိုယ့်ရဲ့ Idea ရှိသလောက် အခန်းကို ရိုးရိုးရှင်းရှင်းလေး အလှဆင်လို့ရပါတယ်။

How To Interior Decoration Read 1016 times