ဘိလပ်မြေပစ္စည်းများကို ဝယ်ယူရန်ရှာဖွေနေပါသလား?


24 January, 2022
 ဘိလပ်မြေသည် ဆောက်လုပ်ရေးလုပ်ငန်းအတွက် အလွန်အရေးကြီးပြီး အခြေခံကျတဲ့ ဆောက်လုပ်ရေးပစ္စည်းတစ်ခုဖြစ်ပါတယ်။

ဆောက်လုပ်ရေးအတွက် အသုံးပြုတဲ့ ဘိလပ်မြေအမျိုးအစားများစွာရှိပေမဲံ့ အသုဲံးအများဆုံး ဘိလပ်မြေအမျိုးအစားများကတော့ Type 32.5၊ Type 42.5 ၊ Type 52.5 တို့ဖြစ်ပါတယ်။

ဘိလပ်မြေ Type 32.5 မှာ အခြေခံအတန်းအစားဖြစ်ပြီး သာမန်ကွန်ကရစ်ပစ္စည်း (တိုင်၊ ပိုက်လုံး၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ပလာစတာလုပ်ငန်းများ) ထုတ်လုပ်ရေးများအတွက် အသုံးဝင်ပါတယ်။

ဘိလပ်မြေ Type 42.5 မှာ Civil Construction များ ရေအောက် မြေအောက် ကွန်ကရစ်လုပ်ငန်းများ၊ highway များ အထပ်မြင့်အဆောက်အဦးများ အတွက် အသုံးဝင်ပါတယ်။

ဘိလပ်မြေ Type 52.5 မှာ အမာစား အမျိုးအစားဖြစ်ပြီး ခိုင်ခိုင်ခံ့ခံ့ဆောက်ရန် အထူးလိုအပ်သည့် တံတားများ၊ တံတားတိုင်များ၊ မြေအောက်များ၊ အကြီးစားဆောက်လုပ်ရေးများအတွက် အသုံးဝင်ပါတယ်။

ဆောက်လုပ်ရေးအတွက် အဓိကကျတဲ့ ဘိလပ်မြေပစ္စည်းများကို ဝယ်ယူရန်ရှာဖွေနေပါသလား???

အဆောက်အဉီးဆောက်လုပ်ရာအတွက် အရေးပါလှတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တစ် နေရာထဲမှာ ကြည့်ရှုနိုင်ဖို့အတွက် Myanmar Builders Guide ရှိနေပါပြီ။

Myanmar Builders Guide တွင် ဘိလပ်မြေ ပစ္စည်းများရဲ့ ဈေးနှုန်းတွေကို စုံလင်စွာအမျိုးအစားအလိုက် ရန်ကုန် နှင့် မန္တလေး ရှိဆောက်လုပ်ရေးလုပ်ငန်းများမှ စစ်တမ်းကောက်ယူပြီး အပတ်စဉ်တင်ပြထားတာဖြစ်လို့ လူကြီးမင်းတို့အနေဖြင့် ဈေးနှုန်းအချက်အလက်များကို အချိန်ကုန်သက်သာစွာနဲ့ တစ်နေရာထဲမှာ ကြည့်ရှုနိုင်မှာပါ။

>> https://www.buildersguide.com.mm/cement

How To Tips Read 1238 times