ကျောက်စရစ်အကြောင်း


19 January, 2022

ကျောက်စရစ်သည် အရွယ်အစားအမျိုးမျိုးရှိပြီး ဆောက်လုပ်ရေးသုံးပစ္စည်းတစ်ခုဖြစ်သည်။ အဆောက်အအုံများနှင့်လမ်းများတည်ဆောက်ရာတွင် ၂၀/၄၀ မီလီမီတာ အရွယ်အစားရှိ ကျောက်စရစ်ခဲများကို သုံးကြသည်။

ကျောက်စရစ်ခဲသည်ကျောက်တုံးကျောက်ခဲနှင့်မည်သို့ကွာခြားသနည်း။ ဤကျောက်အမျိုးအစားနှစ်မျိုးသည် မရှင်းမလင်း ရောထွေးနေလေ့ရှိသည်။ သို့သော် ၎င်းတို့မှာ သိသာသောကွာခြားချက်တစ်ခုရှိသည်။ 

သဘာဝအလျောက် ကျိုးပဲ့ခြင်းကြောင့် ပဲ့ထွက်လာသည့် အပိုင်းအစများသည် ကျောက်စရစ်ခဲများ ဖြစ်သည်။ ကျောက်စရစ်ခဲသည် များသောအားဖြင့် မပဲ့ထွက်ခင် မူလပတ်ဝန်းကျင်ရှိကျောက်ကြော၏ ပုံသဏ္ဍာန်ကို ဖော်ပြသည်။ ထိုသို့ ဖော်ပြနေခြင်းကြော့် အမြင်ဆန်းပြီး အလှတရား ရှိနေစေသည်။ ကျောက်စရစ်အသားသည် မာကြောသည်။ အက်ကွဲခြင်းလုံးဝမရှိပါ။

ကျောက်စရစ်များသည် အပြာသန်းသည့် မီးခိုးရောင်၊ မီးခိုးရောင်၊ အညိုရောင်၊ အနက်ရောင်၊ အဝါရောင်နှင့်ပန်းရောင် စသဖြင့် အရောင်အမျိုးမျိုးဖြင့်လာသည်။

အဓိကအားဖြင့် ကျောက်စရစ်ခဲအပိုင်းအစ (၃) မျိုး ရှိသည်။

 (၁-၃ မီလီမီတာ)၊ 

အလယ်အလတ် (၃-၇ မီလီမီတာ) နှင့်

ကြမ်းတမ်းသော (၇-၁၂ မီလီမီတာ)တို့ ဖြစ်သည်။ 

ဤကျောက်တုံးများတွင်ရွှံ့၊ သဲ၊ ဖုန်နှင့်အမှုန်များပါဝင်သည်။ အကြမ်းအားဖြင့် ဆေးကြောပြီးမှ ဈေးကွက်ထဲသို့ တင်ပို့ကြသည်။  

တူးဖော်ရယူသည့် နေရာပေါ် မူတည်၍လည်း ကျောက်သားအမျိုးအစား အမျိုးမျိုးကိုခွဲခြားသည်။ အိုင်၊ တောင်၊ ပင်လယ်၊ မြစ်၊ ရေခဲမြစ်စသည်တို့ဖြစ်သည်။ သန့်ရှင်းသောကျောက်စရစ်များမှာ ပင်လယ်နှင့်မြစ် ဖြစ်သည်။ ၎င်းကျောက်စရစ်တို့၏မျက်နှာပြင်မှာ ချောချောမွေ့မွေ့ ဖြစ်၍ လမ်းလျှောက်ရန်အတွက် သုံးသည့် လမ်းကို ခင်းရာတွင် အသုံးများသည်။

 

How To Tips Read 1877 times