ဘိလပ်မြေ အတုအစစ် ခွဲခြားနည်း နှစ်နည်း


04 October, 2021

လုပ်ငန်းခွင် ဝင်နေကြသော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ ပန်းရံသမားများ စသဖြင့် ဘိလပ်မြေနဲ့ ပတ်သက်ဆက်နွယ် နေသူအားလုံး သိစေဖို့အတွက် ဘိလပ်မြေ အတုအစစ် ခွဲခြားနည်းကို ဖော်ပြ ပေးလိုက်ပါတယ်။

        ပထမတစ်နည်းကတော့ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး(၂)လုံး၊ (၃)လုံးခန့်လုံးပြီး ခဏအခြောက်ခံထားပါ။ (၂)မိနစ်ခန့် ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့်ဖျစ်ကြည့်ပါ။ လုံး၀ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ စစ်သည်။ ကွဲအက်သွားပါက ဘိလပ်မြေ အတုဖြစ်ပါသည်။

        နောက်တစ်နည်းကတော့ ဘိလပ်မြေအမှုန့်အနည်းငယ်ပေါ်သို့ သံပရာရည်(သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေအစစ်ဖြစ်ပြီး၊ လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်း သိရှိနိုင်ပါသည်။

How To Read 414 times