အိမ်ငှားတိုင်းသိသင့်တဲ့ အချက်(၃) ချက်


24 June, 2021

တကယ်လို့ သင်သာ အိမ်ငှားတစ်ယောက်ရဲ့အခွင့်အရေးရပိုင်ခွင့်တွေကို အစကတည်း က/မ ငှားရမ်းခင်ကတည်းက သိထားမယ်ဆိုရင် ငှားပြီးနောက် အိမ်ရှင်အိမ်ငှားမရှင်းမရှင်းလုပ်ခဲ့ခြင်းရဲ့ရလဒ် အကျပ်အတည်းဆိုတာ ပေါ်လာတော့မှာ မဟုတ်ပါဘူး။

အိမ်ငှားမယ့်သူဟာ ကိုယ်လိုချင်တဲ့ ပတ်ဝန်းကျင်မှာ ဈေးနှုန်းမှန်နဲ့ သင့်တော်တဲ့ အိမ်ခန်းကို တွေ့ပြီဆိုတာနဲ့ အငှားစာချုပ်ကို ချုပ်ချင်မှာပါပဲ။ ဒါပေမဲ့ ဒီလို စာချုပ်မချုပ်ခင် သင့်အနေနဲ့ မေးရမယ့် မေးကိုမေးသင့်တဲ့ မေးခွန်း(၃)ခွန်း ရှိလို့ နေပါတယ်။

၁။ ငှားရမ်းမယ့် ဒီအိမ်ဒီအခန်းဟာ တရားဝင်ရဲ့လား?

ဒါတွေကတော့ တရားမဝင်မှုကို ရိပ်စားမိနိုင်တဲ့ လက္ခဏာတစ်ချို့ပါ။

• အိမ်ငှားခအရမ်းကိုသက်သာနေတာ

• မြေအောက်ခန်း၊ ထပ်ခိုး၊ သို့မဟုတ် ဂိုဒေါင်ခန်း

• ပြတင်းပေါက်လုံးဝမရှိခြင်း သို့မဟုတ် ပြတင်းပေါက်အလွန်သေးငယ်ခြင်း

၂။ အိမ်မွေးတိရစ္ဆာန်မွေးမြူမှုဆိုင်ရာ မူဝါဒတွေ အိမ်ငှားစာချုပ်ထဲမှာ အသေးစိတ်ဖော်ပြထားရဲ့လား?

သင့်အိမ်ရှင်က ရပါတယ် သူတို့လေး(တိရစ္ဆာန်လေး)တွေကိုပါ တစ်ပါတည်းခေါ်ယူလာလို့ရပါတယ် မွေးလို့ရပါတယ်လို့ ပါးစပ်က ပြောတိုင်း အတည်လို့ မမှတ်လိုက်ပါနဲ့။ နောက်ပိုင်းကျ စိတ်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ သူ့အိမ်မှာ တိရစ္ဆာန်မထားပါနဲ့။ ဒါမှမဟုတ် အဲ့အတွက် အပိုထပ်ဆောင်းအခကြေးငွေ ပေးရမယ်တို့လို့မျိုး ပြောလာနိုင်တယ်လေ။ ဒီတော့ သူတို့လေးတွေရှိတဲ့ အိမ်ငှားတွေ ဒါလေးတွေ ဂရုပြုပါ။

• သင့်အချစ်တော်တိရစ္ဆာန်လေးတွေပါ သင်တို့နဲ့အတူ အဲ့အိမ်မှာ နေလို့ရတယ်ဆိုတာ အငှားစာချုပ်မချုပ်မီ သေချာပါစေ။

• ဒီ့အတွက် အခကြေးငွေ သက်သက်ထပ်ဆောင်းပေး ရရင် ပေးရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပေးရတာကိုပါ အကြောင်းအရင်းနဲ့တကွ စာချုပ်ထဲ ထည့်ရေးပါ။

• တကယ်လို့များ စာချုပ်အချက်အလက်ထဲမှာက တိရစ္ဆာန်မမွေးရဆိုတဲ့ အချက်ပါနေမယ်။ ဒါပေမဲ့ အိမ်ရှင်ကတော့ ရပါတယ် မွေးပါလို့ ပါးစပ်ကခွင့်ပြုနေမယ်။ ဒီလိုအခြေအနေနဲ့ ကြုံရရင်တော့ စာချုပ်ကိုပြင်ဆင်တည်းဖြတ်ပေးဖို့ သင့်အိမ်ရှင်ကို ပြောပါ။

၃။ အိမ်စပေါ်ပြန်ပေးတာမှာ ဘယ်လိုမူဝါဒနဲ့လဲ?

 သင်အဲ့အိမ်က ထွက်ခွာသွားချိန်မှာ အဲ့အိမ်ဘယ်လောက်ပဲ မပျက်မစီးအသစ်တိုင်းပဲ ကျန်နေကျန်နေ တစ်ချို့အိမ်ရှင်တွေက အိမ်စပေါ်ငွေကို ပြန်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးကြပါဘူး။ တကယ်လို့ သူတို့က သင့်စပေါ်ငွေကို မမှန်မကန်ထိန်းချုပ်ထား တယ်ဆိုရင်တောင် တစ်ချို့တရားစီရင်မှုတွေမှာက သူတို့ကို မဖြစ်စလောက်ပြစ်ဒဏ်ပဲ ချမှတ်ကြတာဆိုတော့ ဒီအချက်က တော်တော်ဆိုးပါတယ်။ ဒါကြောင့်

• အိမ်ရှင်က သင့်စပေါ်ငွေကို ပြန်မပေးဘူးဆိုရင် သို့မဟုတ် သူတို့ဒီလိုဆက်လက်ထိန်းသိမ်း ထားရတာအတွက် အကြောင်းအရင်းတစ်စုံ တစ်ရာပေးလာတယ်ဆိုရင်တောင် တကယ်တော့ သူတို့မှာ သူတို့အိမ်ကိုဆက်မငှားတော့တဲ့သင့်ရဲ့ စပေါ်ငွေကို ဆက်ယူထားခွင့်မရှိတာကို သိပါ။

• စပေါ်ငွေယူထားခွင့်ကာလကျော်လွန်သွားပြီမို့ ချက်ချင်းပြန်ပေးပါရန် အိမ်ရှင်ထံ အကြောင်းကြားပါ။

• ဒီလိုမှပြန်မပေးသေးရင် ရှေ့နေနဲ့ဆက်သွယ်လို့ ဥပဒေအရ အရေးယူပြန်တောင်းပါ။

How To Read 262 times