အင်းစိန်မြို့နယ်တွင် တည်ဆောက်ထားသော ၆ ထပ်အဆောက်အအုံ


01 December, 2019

ထို ၆ ထပ်အဆောက်အအုံကို အမှတ်(၂၄၁)၊ (က-၄)လမ်း၊ မြို့သစ်(က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ် တွင် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

ယင်းအဆောက်အအုံကို Royal Amm Construction and Decoration Group (တော်ဝင်အောင်မြန်မာဆောက်လုပ်ရေး) မှတာဝန်ယူဆောက်လုပ်နေကြောင်းသိရသည်။

ထိုအဆောက်အအုံကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်သည်။

မြေအကျယ်အဝန်းမှာ ၄၀’ x ၆၀’ အကျယ်အဝန်းရှိပြီး အခန်းအကျယ်အဝန်းမှာ ၁၇’ x ၅၄’ ကျယ်ဝန်းသည်။

အထပ်ပေါင်း ၆ ထပ်ပါဝင်ပြီး တစ်လွှာတွင် နှစ်ခန်းပါဝင်ပါသည်။

အခန်းဈေးနှုန်းမှာကျပ်သိန်း ၄၅၀ မှ ကျပ်သိန်း ၅၅၀ ခန့်ရှိကြောင်းသိရသည်။

Facilities အနေဖြင့် ကိုယ်ပိုင်မော်တာ၊ ကိုယ်ပိုင်မီတာ၊ အိမ်သာရေချိုးခန်း(ကြွေပြားခင်း/ကပ်) နံရံ(5”) အမြင့်၊ မီးဖိုခန်း(ကြွေပြားခင်း/ကပ်) ) နံရံ(5”) အမြင့်၊ စတီးဘေစင်၊ မီးဖိုခုံ၊ အိမ်ရှေ့ဝရန်တာကြွေပြားခင်း၊

အိမ်သာ၊ ရေချိုးခန်း၊ ကျွန်းကျီးဘောင်/ကျွန်းတံခါး၊ (၇၅) ဂါလံဘိုင်ဘာရေတိုင်ကီပါရှိသည့် အပြင် ရေမီး၊ ဆေးအပြည့်အစုံပါဝင်ပါသည်။

Residential Read 42 times