ကမ္ဘာ့အနက်ဆုံးရေကူးကန်


09 December, 2020

 

 ပိုလန်နိုင်ငံ Zyrardow မြို့မှာရှိတဲ့ Mszczonow မြို့ရှိ DeepSpot Centre မှာ ယခုနှစ်ဆောင်းဦးရာသီတွင် ကမ္ဘာ့အနက်ဆုံးရေကူးကန်ကိုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

        ထိုရေကူးကန်တွင် ရေအောက်လှိုင်ဂူနှင့်အတူ ဟိုတယ်တစ်ခုပါပါဝင်မှာဖြစ်ပြီးတော့ ရေကူးကန်အနက်မှာ ၁၄၈ပေအနက်ရှိကြောင်းသိရပါတယ်။


        
        ယခင်စံချိန်တင်ခဲ့သည့်  အီတလီနိုင်ငံ Montegrotto Terme မှာရှိတဲ့ Y-4 Deep Joy က ၁၃၈ ပေအနက်ရှိပါတယ်။

 

        ယခုစံချိန်တင်ခဲ့တဲ့ရေကူးကန်မှာလဲ ထိုစံချိန်ကို နောက်ခြောက်လခန့်သာထိန်းထားနိုင်တော့မှာဖြစ်ပြီး ထိုရေကူးကန်ထက် ၁၆ပေပိုနက်သည့် England နိုင်ငံ Colchester မှာဖွင့်လှစ်မဲ့ Blue Abyss pool မဖွင့်ခင်အချိန်ထိသာဖြစ်ပါတယ်။

 

        ပိုလန်နိုင်ငံမှာဖွင့်လှစ်တော့မဲ့ ကမ္ဘာ့အနက်ဆုံးရေကူးကန်မှာ အနက် ၁၄၈ ပေရှိပြီး ရေကူးကန်အတွင်းရှိ ရေထုထည်ပမာဏမှာ အိုလံပစ်ပြိုင်ပွဲမှ ရေကူးကန် ၂၇ ကန်မှာရှိတဲ့ ရေထုထည်ပမာဏနဲ့ ညီမျှပါတယ်။

 

        ထိုရေကူးကန်ကို ပိုလန်နိုင်ငံ Capital Warsaw ကနေ ၄၀ ကီလိုမီတာခန့်အကွာမှာရှိတဲ့ ပိုလန်မြို့အလယ်ပိုင်း Mazczonow မှာ ယခုနှစ်ဆောင်းဦးရာသီတွင်တရားဝင်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်။

 

        ထိုရေကူးကန်တွင် ရေငုပ်သမားများသာမကပဲ လူတိုင်းသွားရောက်နိုင်မှာဖြစ်ပြီးတော့ ရေအောက်လှိုင်ခေါင်းနှင့် ဟိုတယ်ခန်းများပါဝင်မှာဖြစ်တဲ့အပြင် စားသောက်ဆိုင်များ၊ အစည်းအဝေးခန်းများကနေလဲ ရေကူးကန်ကို အပေါ်စီးကြည့်နေနိုင်မှာလည်းဖြစ်ပါတယ်။

 

        Deep Spot ကို ပိုလန်နိုင်ငံ၏အကျော်ကြားဆုံး Warsaw West County မှာရှိတဲ့ Indoor Skydiving simulator FlySpot ကိုတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကပဲတည်ဆောက်ခဲ့တာဖြစ်ကြောင်း သတင်းများအရသိရပါတယ်။

 

        UK နိုင်ငံမှာဖွင့်လှစ်မဲ့ စံချိန်သစ်တင်လာမည့် Blue Abyss ရေကူးကန်ဟာဆိုရင်ပင်လယ်အာပြင်ရဲ့အနက်ဆုံးပိုင်းနေရာတွေနဲ့ အာကာသလိုမျိုးပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်တွေမှာ လူတွေနဲ့ စက်ရုပ်တွေအတွက် ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာကို စမ်းသပ်လေ့လာဖို့အဓိကရည်ရွယ်ထားခဲ့တာလည်းဖြစ်ပါတယ်။

 

Source: Daily Mail Online

How To Read 67 times