မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာ


09 December, 2019

 မြေငှားမဲ့သူတွေအတွက် မြေမငှားခင်သိသင့်သောအချက်များမှာ- မြေငှားစာချုပ် (ဂရန်) အသစ်ထုတ်ပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) မိတ္တူထုတ်ပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) သက်တမ်းတိုးပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) ခွဲစိတ်ပေးခြင်း၊ မြေအမည်ပေါက်ပြောင်းလဲပေးခြင်းတို့ ဖြစ်ပါသည်။

 
လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ ဂရန်သစ်လျှောက်လျှင် ဘာတွေလိုသလဲ

 

        -နိုင်ငံသား စီစစ်ရေး ကတ်ပြား

        -ပါမစ် (သို့) လိုင်စင် မိတ္တူ

        -မှတ်ပုံတင် စာချုပ်စာတမ်း (စကွာတာမြေ)

        -နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ (မူရင်း) တို့နှင့်အတူ    ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထား ရမည်။

 

စီစစ်/လက်ခံခြင်း

        အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။

        တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိအထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ်ဦးစီး အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၄) ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာပါသည်။

        အမည်ပေါက် မဟုတ်ပါက သတင်းစာတွင် (၁၄) ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာပါသည်။

 

ဂရန်သစ် ထုတ်ပေးခြင်း

 

        ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက ဌာနမှ ခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။

        ပါမစ် (သို့) လိုင်စင် မူရင်းကို ဌာနသို့ အပ်နှံရပါမည်။

        ဌာနမှူးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ (၁)ဦးစီဖြင့် မြေဌား စာချုပ်ပေါ်တွင် လက်မှတ်ရေး ထိုး၍ မြေငှားစာချုပ် (ဂရန်) ထုတ်ပေးပါသည်။

ဒါတွေ သင်လုပ်ရမည်

        လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ် (ဂရန်) တွင် အခွန်ရုံးမှ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ် တံဆိပ်ခေါင်း ကပ်ရပါမည်။

        မြေငှားစာချုပ် (ဂရန်) ထုတ်ပေး ခံရသူ အမည်ဖြင့် (၃)လတစ်ကြိမ်၊ (၁)နှစ်လေးကြိမ် စည်းကြပ် သော မြေငှားရမ်းခ (မြေခွန်) ပေးဆောင်ရမည်။

        သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ် သက်တမ်းတိုး လျှောက်ထားရမည်။

 

မြေငှား စာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးလျှင်

 

        မြေငှားဂရန် စာချုပ်မူရင်း ပျောက်ဆုံးလျှင် သော်လည်းကောင်း၊ ပျက်စီးလျှင် သော်လည်းကောင်း မြေဌားဂရန် စာချုပ်မိတ္တူ လျှောက်ထားနိုင် ပါသည်။

        ထိုသို့လျှောက်ထား လာပါက မူလ အမည်ပေါက်ဖြင့်ပင် မြေငှားစာချုပ် (ဂရန်) မိတ္တူမှန် ထုတ်ပေးပါမည်။

မြေငှားစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးလျှင်

        နိုင်ငံသားစိစစ်ရေးကတ်ပြား

        မြေငှားဂရန် စာချုပ် အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံး ကျမ်းကျိန်လွှာ

        ပျောက်ဆုံးခြင်းကြောင့် ဖြစ်ပါက မြို့နယ်ထွေ/အုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်၊ ရဲစ ခန်းသို့ တိုင်ကြားချက်

        မှတ်ပုံတင် စာချုပ်စာတမ်း (သို့) တရားရုံး စီရင်ချက်နှင့် ဒီဂရီအရ လျှောက်ထားခြင်းဖြစ်လျှင် ယင်း အထောက်အထားများ နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ (မူရင်း) တို့နှင့်အတူ ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

 

စီစစ်ထုတ်ပေးခြင်း

 

        မြို့နယ် ထွေ/အုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် (၁၄) ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်းနှင့် သတင်းစာများတွင် သီးခြားကြော်ငြာခြင်းတို့ကို ပြုလုပ်ပါသည်။

        ကန့်ကွက်သူ မရှိ၊ တရားရုံး အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာ တစ်စုံတစ်ရာ မရှိပါက ဂရန်သစ် ထုတ်ပေးစဉ် သကဲ့သို့ပင် သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားဂရန် မိတ္တူ ထုတ် ပေးပါသည်။ ဂရန် မိတ္တူတွင် အခွန်တံဆိပ်ခေါင်း ကပ်ရန် မလိုပါ။

 

မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း

 

        သတ်မှတ်ထားသော သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုး လျှောက်ထားရမည်။

        အမည်ပေါက်သူ၊ မှတ်ပုံတင် စာချုပ် အဆင့်ဆင့်ဖြင့် နောက်ဆုံး ပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ တရားရုံး စီရင်ချက်နှင့် ဒီဂရီ ရထားသူကသာ လျှောက်ထားနိုင်သည်။

        ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ သက်တမ်းကုန် ဂရန်နှင့် အမည်ပေါက် ပိုင်သူ မဟုတ်ပါက ပိုင်ဆိုင်မှု စာချုပ်စာတမ်း (သို့) တရားရုံး စီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေး ဆောင်ထားသည့် မြေခွန်ပြေစာ မူရင်းတို့ဖြင့် လျှောက်ထား ရမည်။

        ဂရန်သစ် လျှောက်ထားစဉ် ကကဲ့သို့ပင် စီစစ်ပြီး သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေ၍ မြေငှားဂရန် စာချုပ်အား ထုတ်ပေးပါသည်။

        သက်တမ်းကုန်ဆုံးသော ဂရန်အား ပြန်လည်အပ်နှံ ရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံး နေပါက သတ်မှတ် ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

 

မြေငှားဂရန် စာချုပ် ခွဲစိတ်ပေးခြင်း

 

        သက်တမ်းရှိ မြေငှားဂရန် စာချုပ်ကို ဂရန်ခွဲအဖြစ် ထုတ်ပေးနိုင်ပါသည်။

        ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ ပိုင်ဆိုင်မှု အထောက်အထားများ နှင့်အတူ ဌာနမှ ခွင့်ပြုထုတ်ပေး ထားသည့် မြေကွက်ခွဲ အတည်ပြု ပုံစံနှင့် မြေကွက်ခွဲစိတ် တိုင်းတာသည့် မြေပုံများ တင်ပြရမည်။

        အမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာ ကြော်ငြာခြင်း မပြုလုပ်ဘဲ အမည်ပေါက် သူမှ လျှောက်ထားခြင်း မဟုတ်ပါက သတင်းစာတွင် (၁၄) ရက် အချိန်ပေး ကြော်ငြာ ပါသည်။

        ကန့်ကွက်သူ မရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေကွက် အမှတ်သစ်ဖြင့် ဂရန်ခွဲထုတ် ပေးပြီး မူလမြေငှားဂရန် စာချုပ်အား ပြန်လည်သိမ်းယူ ပါသည်။

        မူလမြေငှား စာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်း ဖြစ်ပါက ထိုသို့ဂရန်ခွဲထုတ် ကြောင်းကို မူလမြေငှား စာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။

        ဂရန်ခွဲ ထုတ်ပေးသူ အမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

 

မြေအမည်ပေါက် ပြောင်းလဲပေးခြင်း

 

        မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိ မြေပိုင်မြေနှင့် သက်တမ်းရှိ မြေငှားဂရန် မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲသတ်မှတ် ပေးပါသည်။

 

        ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေးကတ်၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက် စာချုပ် ဂရန်မြေ ဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ၊ စာချုပ် အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူ ဖြစ်ပါက စာချုပ်စာတမ်း၊ တရားရုံး အမိန့်ရရှိထားသူ ဖြစ်ပါက ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။

 

        ဂရန်သစ် လျှောက်ထားစဉ် သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူ မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး စာချုပ်မူရင်း (သို့) မြေငှားဂရန် မူရင်းတွင် အမည်ပြောင်းလဲခြင်း မှတ်တမ်းရေး ဖြည့်၍ ပြန်လည်ထုတ်ပေး ပါမည်။ ဂရန်မြေ ဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက် ပါသည်။

 

How To Laws and Regulations Read 368 times