ကျောက်ထရံ တစ်လျှောက်က ဖန်သား လှေကားကြီး


06 December, 2020

 တရုတ်အစိုးရသည် ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို အစဉ်အမြဲ ကြံဆ အကောင်အထည်ဖော်နေသည်။

              ယခုတစ်ဖန်လည်း ကျောက်ထရံ တစ်လျှောက်တွင် ၆၅၆ ပေ အရှည်ရှိသည့် ဖန်သားလှေကားကြီးကို စက်တင်ဘာလ ၁ဝရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

             ဂွမ်ဒေါင်ပြည်နယ် ကင်ယွန်မြို့ရှိ ရှုမငြီးဖွယ်ရှုခင်းနေရာတွင် ယင်းကို တည်ဆောက်ထားခြင်းဖြစ်သည်။ယင်းဖန်လျှောက်လမ်းသည် ပင်လယ်မျက်နှာပြင် အထက် ၄၆၄၈ ပေ၊တောင်ကြားအထက် ၁၉၆၈ ပေတွင်တည်ရှိသည်။

             ထူထဲခိုင်ခံ့လှသည့် ဖန်ဖြင့်ပြုလုပ်ထားသည့်လှေကားထစ်များဖြစ်သဖြင့် ယင်းတွင် လမ်းလျှောက်ရခြင်းသည် လေပေါ်တွင်လမ်းလျှောက်နေရသကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ကျောက်ထရံတွင် တွယ်ကာဆောက်ထားသည့် ယင်းလှေကားထစ်များသည် အမတ်ဆုံးနေရာတွင် ၈ဝ ဒီဂရီ ရှိသည်။

               ထို့ကြောင့် စွန့်စားလိုသည့် တောင်တက်သမားများကိုထိုလှေကားကြီးကဖိတ်ခေါ်နေတော့သည်။ထိုမြို့တွင် အသည်းငယ်သူတို့မူးဝေထိတ်လန့်သွားဖွယ် ဖန်တံတားလည်း ရှိသည်။ယင်းတံတားသည် အရှည်ဆုံးနှင့် အကျယ်ဆုံးမိုးပျံတံတားအဖြစ်စံချိန်တင်နိုင်ရန် ဂင်းနစ်ကမ္ဘာ့ စံချိန်လျှောက်ထားကြောင်းသိရသည်။

Global Infrastructure and Zones Read 38 times