တန်ဖိုးနည်းအိမ်ရာတိုက်ခန်းမလိုချင်၍ ပြန်လည်အပ်နှံမှုများရှိသဖြင့် ဒုကြိမ်ပြန်လည်မဲဖောက်


05 December, 2020

ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့်ရောင်းချသည့် တန်ဖိုးနည်းအိမ်ရာတိုက်ခန်းမလိုချင် ၍ ပြန်လည်အပ်နှံမှုများရှိသဖြင့် ယင်းတိုက်ခန်းများကို ဒုတိယအကြိမ် ပြန်လည်မဲဖောက်မည်ဟု ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးသာအောင်က ပြော ကြားသည်။

‘‘တချို့က ကိုယ်လိုချင်တဲ့ အခန်း၊ လိုချင်တဲ့အထပ်မရလို့မ ယူတော့ဘူးဆိုပြီး ပြန်အပ်တာ တွေရှိတယ်။ နောက်ပြီးလက်ကျန် တိုက်ခန်းတွေလည်း ကျန်ရှိနေ သေးတယ်။ ဒါတွေစုပေါင်းပြီး တန်းစီဇယားမှာ ကျန်တဲ့သူတွေ ကို ဒုတိယအကြိမ်မဲပြန်နှိုက်ပေးသွားမယ်’’ ဟု ဦးသာအောင်ကပြောသည်။တန်ဖိုးနည်းအိမ်ရာဝယ်ယူ ခွင့်ရရှိသူ ၈၆၄ ဦးကို ပထမအသုတ်အဖြစ်ရွှေပေါက်ကံ၊ ရွှေ လင်ဗန်း၊ ယုဇနနှင့် ကနောင်တန်ဖိုးနည်းအိမ်ရာတို့ကို ပြီးခဲ့သည့်   ဇူလိုင်က မဲဖောက်ပေးခဲ့သည်။

            မဲဖောက်ပေးသည့် တိုက်ခန်းနေရာနှင့် ဝယ်ယူသူများလိုချင်သည့် အထပ်မြင့်သည် ခန့်မှန်းချက်များနှင့် ကွဲလွဲရာတိုက်ခန်းအလိုက် ဈေးအနည်းအများအပေါ်မူတည်၍ ပေးသွင်းရခြင်း ကြောင့် ငွေကြေးအခက်အခဲများ  ရှိကြောင်း ယင်းတိုက်ခန်းဝယ်သူများက ပြောသည်။

‘‘လက်ရှိတော့ စာရင်းအ ရေအတွက်လုပ်နေတုန်းပဲရှိသေး တယ်။ တိုက်ခန်းပြန်အပ်တဲ့အ ရေအတွက်ဘယ်လောက်ရှိတယ် ဆိုတာမသိရသေးဘူး။ အရေအတွက်သိတာနဲ့ အိုးအိမ်မှာစာရင်း ထုတ်ပြန်ပေးမယ်။ ဒုတိယအ သုတ်မဲနှိုက်မယ့်ရက်ကိုလည်း မသတ်မှတ်ရသေးပါဘူး။ ရက်သေချာတာနဲ့ထုတ်ပြန်ပေးမယ်’’ ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးခင်ဇော်ကပြောသည်။

             တန်ဖိုးနည်းအိမ်ရာလျှောက်ထားသူ မိသားစုဝင်ငွေသည် တစ်လကျပ်သုံးသိန်းမှ ငါးသိန်းကြား ရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်း ကြားရှိရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ဝယ်ယူလိုသူသည် ပထမအဆင့်ငွေသွင်းရာ၌ ကုမ္ပဏီဝန် ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါ က ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက  သတ်မှတ်ထားသည်။

              လက်ရှိတွင် ကနောင်အိမ်ရာမှ ၆၉ ခန်းနှင့် ရွှေလင်ဗန်းအိမ်ရာမှ ၂၃ ခန်းရောင်းချရန် ကျန်ရှိ နေပြီး အခြားမြေနေရာများ၌ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန်ပြည်သူ့အိမ်ရာ ရောင်းချရေး  ကော်မတီက စီစဉ်နေသည်။

Source:7day daily

Public Housing Read 84 times