ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း တောင်ကုန်းဒေသတွင် နယ်စပ်လမ်း ဖောက်လုပ်ရန် စီစဉ်


21 November, 2020

မြန်မာ၊ အိန္ဒိယတို့နှင့် ထိစပ်နေလျက်ရှိသောဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း တောင်ကုန်းဒေသတွေမှာ နယ်စပ်လမ်းတွေဖောက်လုပ်သွားဖို့ ဘင်္ဂလားဒေ့ရှ်မှ စီစဉ်နေလျက်ရှိကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် အကြား ထိစပ်နေလျက်ရှိသော အဆိုပါတောင်ကုန်းဒေသတွေမှာ အရှည် ၃၁၇ ကီလိုမီတာရှိ လမ်းတွေတည်ဆောက်ဖောက်လုပ်သွားဖို့

စီမံကိန်းကြီးတစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသား စီးပွားရေး ကောင်စီ အမှုဆောင်ကော်မတီကယမန်နေ့တွင် အတည်ပြုသွားခဲ့ကြောင်းသိရသည်။

ယခုလို တောင်ကုန်းထူထပ်တဲ့ နယ်စပ်ဒေသတွေမှာ လမ်းတွေဖောက်လုပ်ခြင်းအားဖြင့် မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသနဲ့အကြား ကုန်သွယ်မှု၊ စီးပွားရေးတို့အပေါ်

ကူညီတိုးချဲ့လုပ်ကိုင်သွားနိုင်တော့မှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး မှ ပြောကြားကြောင်းသိရသည်။

ဒါ့အပြင် ယင်းနိုင်ငံရဲ့ နယ်စပ်တောင်ကုန်းဒေသတွေမှာ ခရီးသွားဆိုင်ရာ အဆောက်အအုံတွေ ကူညီ တိုးချဲ့တည်ဆောက်သွားနိုင်ဖို့ ရှိသည်ဟုလည်းပြောကြားခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ လမ်းများ ဖောက်လုပ်ခြင်းအား ဖြင့်စီးပွားရေး လုပ်ငန်းဆောင်တာများကို ပိုမိုတိုးမြှင့်လုပ်ကိုင်နိုင်ရန်ရှိသည်။

Local Factory and Industrial Plant Read 27 times