ကျပ်သိန်း၂ဝပြည့်မီသည်နှင့် တန်ဖိုးနည်းတိုက်ခန်းအား ဝယ်ယူရန်လျှောက်ထားနိုင်ပြီ


17 November, 2020

တန်ဖိုးနည်းတိုက်ခန်းဝယ်ယူမည့်သူများအတွက်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)တွင် တိုက်ခန်းတန်ဖိုး၏ ၂ဝရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် သိန်း၂ဝ စုထားပါက ဝယ်ယူရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

(CHDB) ဘဏ်နှင့်ချိတ်ဆက်ကာ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူမည်ဆိုပါက တိုက်ခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်းအား ကနဦးပေးချေရပြီး ယခုလကုန်တွင် ရောင်းချမည့် တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူလိုလျှင် တိုက်ခန်းတန်ဖိုး၏

၂ဝရာခိုင်နှုန်းသာပေးသွင်းရတော့မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ရန် ငွေစုဆောင်းထားသော ကျပ်သိန်း ၂ဝပြည့်မီသည်နှင့် ယခုလကုန်တွင်ရောင်းမည့်

တန်ဖိုးနည်းတိုက်ခန်းကိုယခုလကုန်တွင် တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းတိုက်ခန်းတန်ဖိုး ၂ဝရာခိုင်နှုန်း ပြည့်မီ သူများကို မဲနှိုက်ပြီး တိုက်ခန်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအပိုင်း (၁) နှင့် (၂)တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်း တိုက်ခန်းများကို ယခုလကုန်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

ယခုအခါဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ကျပ်သိန်း ၁ဝဝ တန် တိုက်ခန်းဝယ်ယူမည်ဆိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်

တိုက်ခန်းတန်ဖိုး၏ ၂ဝရာခိုင်နှုန်းအား ကနဦးပေးချေရမည်ဖြစ်ပြီး ကျန်ငွေကို ၈နှစ်မှ ၁ဝနှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)ထံမှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)အနေနှင့် ယခုလက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲလေးခု၊မန္တလေးတိုင်း၊နေပြည်တော်၊မော်လမြိုင်နှင့် ပုသိမ်မြို့တွင် ဘဏ်ခွဲတစ်ခုစီ စုစုပေါင်း ဘဏ်ခွဲရှစ်ခုထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

Region Public Housing Read 29 times