မြို့ကွက်သစ်ဖော်ထုတ်ရေးမှ ချထားပေးသော မြေများစည်းကမ်းနှင့်မညီလျှင် ပြန်သိမ်းမည်


16 November, 2020

မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းများမှ ချထားပေးခဲ့သောမြေကွက်များမှာ အဆောက်အအုံဆောက်လုပ်မှုများနှင့် ခြံစည်းရိုးခတ်သော လုပ်ငန်းများကို လာမည့်နှစ်မေလ ၁၅ရက်နေ့

နောက်ဆုံးထားပြီးလုပ်ဆောင်ရမည်ဖြစ်သည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

မန္တလေးမြို့တော်ဝန်မှ လိုက်နာဆောင်ရွက်ခြင်းမရှိသော မြေကွက်များကို ပြန်လည်စိစစ်ပြီး မြေချထားမိန့်၊မြေစလစ်နှင့် မြေငှားဂရန်များကို ပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲမှု(အစိုးရမြေ)အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခြံစည်းရိုးခတ်ခြင်းနှင့် အဆောက်အအုံဆောက်လုပ်မှုများ လုပ်ရန် အသိပေးကြေညာချက်ခဲ့သည့်အတွက် ချမ်းမြသာစည်မြို့နယ်မှ

ခြံစည်းခတ်ခွင့် ၁၇၆ဦး၊အိမ်ဆောက်မိန့် ရ၅၅ဦး၊ပြည်ကြီးတံခွန်မြို့နယ်မှ ခြံစည်းရိုးခတ်ခွင့် ၃၂၆ဦး၊အိမ်ဆောက်မိန့် ရ၇၇ဦးမှ ခွင့်ပြုမိန့်များ လျှောက်ထားကာ ခွင့်ပြုမိန့်ရရှိပြီး ကိုးလအတွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်ဟု သိရသည်။

ဆောင်ရွက်ပြီးစီးသော အခြေအနေများကို သိရန်သီးခြားအဖွဲ့နှင့် စာရင်းအချက်အလက်များပြုစုနေသည်ဟု သိရသည်။

မြို့ကွက်သစ်ဖော်ထုတ်ရေးအဖွဲ့မှ ချထားပေးသော မြေကွက်များကို ခြံစည်းရိုးခတ်ခြင်း၊အဆောက်အအုံဆောက်လုပ်ခြင်းများပြုလုပ်ရန် ၂ဝ၁၃ခုနှစ်မှ ၂ဝ၁၄ခုနှစ် ခန့်က အသိပေးကြေညာထားခြင်းများပြုလုပ်ခဲ့သည်ဟု သိရသည်။

Kumudra

Mixed Use and Urban Read 74 times