သန်လျင်-သီလဝါလမ်းမကြီးကိုတည်ဆောက်ရာတွင် ဘီလီယံ ၅ဝသုံးစွဲခဲ့


01 January, 2020

ရန်ကုန်တိုင်းဒေသကြီး သန်လျင်-သီလဝါလမ်းမကြီးကို နိုင်ငံတကာစံချိန် စံနှုန်းများဖြင့် တည်ဆောက်ထားပြီး ဘီလီယံ ၅ဝသုံးစွဲခဲ့ရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

011


လေးလမ်းသွားကတ္တရာကွန်ကရစ် AC လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ခင်းခြင်းနှင့် လမ်းပိုင်းဆက်စပ် လုပ်ငန်းများ ဆောင်ရွက်မှုသည်

ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။


အဆိုပါလမ်းပိုင်းသည် ဂျပန်နိုင်ငံ (JICA ODA LOAN) ချေးငွေဖြင့် ဆောင်ရွက်နေသော လမ်းမကြီး ဖြစ်သည်။

012


“ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာစံချိန်မီတဲ့ လမ်းမကြီးတစ်ခုကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလမ်းမကြီးအတွက် ဘီလီယံ ၅ဝသုံးစွဲခဲ့ရပါတယ်။လူသွားလမ်းကအစ

သေသေချာချာလေး လုပ်ထားပါတယ်”ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ရေတိုင်ကီ လုပ်ငန်းပေါင်း ၁၅၀ ခုကို ရှာရန်နှိပ်ပါ


သန်လျင်- သီလဝါလမ်းမကြီးသည် လမ်းအရှည် ၅ မိုင် ၄ ဖာလုံရှိပြီး ယာဉ်သွားလမ်း အကျယ် ၄၆ ပေ လေးလမ်းသွားနှင့် လမ်းပခုံးနှစ်ဖက်အကျယ် ၆ ဒသမ ၆ ပေရှိသည်။


လမ်းဘေး ဝဲ/ယာတွင် ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ် နှစ်ဖက် ၂၆ ပေပါရှိကြောင်း သိရသည်။ လက်ရှိတွင် လုပ်ငန်းများကို အပိုင်းလိုက် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအားလုံးပြီးစီးနေပြီဖြစ်သည်။

013


ထိုလမ်းပိုင်းပြီးစီးလျှင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုအပေါ် အခြေခံကာ သန်လျင်-ကျောက်တန်း ဒေသသည် ယခင်ထက် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ လက်ရှိတွင် သန်လျင်-ကျောက်တန်းဒေသရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ ထွက်ရှိလာသော ကုန်စည်အမျိုးမျိုးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးသို့

လွယ်ကူစွာ ပို့ဆောင်နိုင်မည့်အပြင် သွားလာရေး၊ ကုန်စည်စီးဆင်းမှုနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမှုသည်လည်း ယခင်ထက် ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

Local Tips Read 194 times