စင်ကာပူတွင် အိမ်ရာစီမံကိန်း ၅ ခု ရုတ်တရက် ရပ်ဆိုင်း


28 August, 2021

ပြဿနာ အကြီးအကျယ် တက်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာ Greatearth က BTO လုပ်ငန်းခွင် ၅ ခုကို ပြီးခဲ့တဲ့ အပတ်က ရုတ်တရက် ပိတ်ချလိုက်ပါတယ်။ ပင်မကန်ထရိုက်တာဆီမှာ လက်ဝေခံ လုပ်ကိုင်နေတဲ့ လက်ခွဲကန်ထရိုက်တာတွေ အကြွေးရဖို့ ခက်ခဲနေပါတယ်။ 


ပိတ်ထားလိုက်တဲ့ Build-To-Order (BTO) စီမံကိန်း ၅ ခုမှာ

  • Sky Vista @ Bukit Batok
  • Senja Heights 
  • Senja Ridges 
  • Marsiling Grove 
  • West Coast Parkview  
  • တို့ ဖြစ်ပါတယ်။

BTO စီမံကိန်း ၅ ခုရဲ့ ပင်မကန်ထရိုက်တာ Greatearth က လက်ထဲ ငွေပြတ်နေပြီး ပေးစရာရှိတာတွေလည်း မပေးနိုင် ဖြစ်နေခဲ့ရာမှ ယခုလို စီမံကိန်း လုပ်ငန်းခွင်တွေကို ပိတ်ထား လိုက်တာ ဖြစ်ပါတယ်။
အိမ်ရာတွေ ပြီးစီးဖို့ နှောင့်နှေးမှာ ဖြစ်ကြောင်း အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန  Housing and Development Board (HDB)မှ အသိပေးကြေညာခဲ့ပါတယ်။

Greatearth Corp and Greatearth Construction က HDB ကို အကြောင်းကြား အသိပေးခဲ့ရာမှာ အစိုးရထံမှ အကူအညီ ရရှိပေမဲ့လည်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် စီမံကိန်းတွေ ပြီးစီးအောင် ဆောင်ရွက်နိုင်တော့မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

အိမ်ရာစီမံကိန်း နှစ်ခုဖြစ်တဲ့ Senja Ridges နဲ့ Senja Heights တို့ကို ၂၀၁၆ ခုနှစ်မှာ တိုက်ခန်းအရောင်း စဖွင့်ခဲ့ပါတယ်။ ယခုနှစ် နှစ်ကုန်ပိုင်းကနေ ၂၀၂၂ နှစ်ဆန်းပိုင်းအတွင်း ပြီးစီးဖို့ လျာထားပါတယ်။ 

Sky Vista @ Bukit Batok ကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ တိုက်ခန်းအရောင်းစဖွင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် တတိယသုံးလပတ်အတွင်းမှာ ပြီးစီးဖို့ လျာထားပါတယ်။ 

West Coast Parkview ကို ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်မှာ ပြီးစီးဖို့ လျာထားပါတယ်။ 

လက်ခွဲကန်ထရိုက် ရယူလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက Greatearth ခံမှ  ရစရာရှိတဲ့ ကြွေးကို မရတဲ့အပြင် လုပ်ငန်းခွင်ကို သော့ခတ်ပိတ်ထားလိုက်တဲ့အတွက် အထဲမှာ ရှိနေတဲ့ စတီးထည်တွေလို တန်ဖိုးကြီးတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေပါ ပိတ်မိနေလို့ ပြန်ယူလို့မရ ဖြစ်နေကြပါတယ်။ 

မန်နေဂျာမှ ခန့်မှန်းပြောကြားရာမှာ သူ့ကုမ္ပဏီက ယခုပိတ်လိုက်တဲ့ စီမံကိန်းတွေအနက် West Coast Parkview, Sky Vista @ Bukit Batok နဲ့  Marsiling Grove တို့အတွက် အကြွေး စင်ကာပူဒေါ်လာ ၈၀၀,၀၀၀ ရှိနေပြီ။ Marsiling Grove စီမံကိန်းတစ်ခုတည်းကတင် စင်ကာပူဒေါ်လာ ၄၀၀,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ 
 

Region Read 10176 times