4th Bangkok Luxury Property Exhibition အတွက်စာနယ်ဇင်းတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့


24 November, 2020

ရန်ကုန်မြို့ရှိအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Your Property Finder(YPF)real estate ကုမ္ပဏီသည် စင်္ကာပူနိုင်ငံမှအိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော DWG(Dennis Wee Group)နှင့် လက်တွဲ၍ Bangkok Luxury Property

Exhibition ကို ၃ ကြိမ်တိုင်တိုင်ကျင်းပခဲ့ပြီးဖြစ်ပါသည်။

စိတ်ဝင်စား၍ထပ်မံဝယ်ယူလိုသူများအတွက် စတုတ္ထအကြိမ်မြောက်အရောင်းပွဲကို ၂၀၁၈ ခုနှစ် ၊ မေလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ Sedona ဟိုတယ် အလုံခန်းမတွင်ထပ်မံရောင်းချပေးမည်ဖြစ်ပါသည်။

ထိုပြပွဲအတွက် စာနယ်ဇင်းတွေ့ဆုံမိတ်ဆက်ပွဲအခန်းအနားကို ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိရှန်ဂရီလာဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

DWG ကုမ္ပဏီသည် စင်္ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အိမ်ခြံမြေလောကတွင် လွန်ခဲ့သော နှစ်၂ဝခန့်ကတည်းက ရပ်တည်လျက်ရှိပြီနိုင်ငံတကာမှ

ဆောက်လုပ်သူများနှင့်ပူးပေါင်း၍ နိုင်ငံခြားProperties များကို ကိုယ်တိုင်ရောင်းချရင်းနှီးမြှုပ်နှံလျက်ရှိသည်။

DWG ကုမ္ပဏီသည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော စင်္ကာပူ၊ဂျပန်၊တရုတ်၊ထိုင်ဝမ်၊နှင့်ဟောင်ကောင် စသော နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြား Properties များစွာရောင်းချခဲ့ပါသည်။

ယခုမြန်မာနိုင်ငံတွင်လည်း Your Property Finder(YPF)အေဂျင်စီနှင့် အတူပူးပေါင်း၍ ဘန်ကောက်ရှိ Condo Project များကို ရောင်းချပေးနေကြောင်း သိရသည်။

Your Property Finder(TPF) real estate ကုမ္ပဏီသည်အိမ်ခြံမြေ(ကွန်ဒို၊တိုက်ခန်း၊လုံးချင်းအိမ်၊ရုံးခန်း၊ဂိုဒေါင်၊စက်မှုဇုန်) ရောင်း၊ဝယ်၊ငှားရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှုများပေးနေကြောင်း သိရသည်။

အရောင်းပိုင်းတွင် ဆောက်လုပ်သူများနှင့် ပူးပေါင်းရောင်းချပေး ပြီး အိမ်ရှင်တစ်ဦးချင်းစီမှ ယုံကြည်စွာအပ်နှံထားသော Properties များကိုလည်း အကျိုးဆောင်ပေးကြောင်း သိရသည်။

ယခုပွဲတွင် ရောင်းချမည့် ဘန်ကောက် Properties များအပြင် အခြားနိုင်ငံများဖြစ်သော Singapore,Vietnam,Cambodia,London,Sydney,Melbourne,New Zealand စသောနိုင်ငံများမှ Properties များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယခုပွဲတွင် ရောင်းချပေးမည့်ပရောဂျက်များမှာ Maru Ladparo,Maru Ekkamai,Noble Around,Noble Nue,Esse Asok,Noble Pholen Chit တို့ဖြစ်ကြောင်းသိရပါသည်။

နေ့စဉ်နေ့လည် ၂ နာရီအချိန်တွင် ယခုရောင်းချသည့် ဘန်ကောက် Condominium Market အကြောင်း သိကောင်းစရာ Short Presentation ကို မိနစ် ၃ဝခန့်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Events Read 72 times