ရန်ကုန်ဆောက်လုပ်ရေးပါမစ် အွန်လိုင်းမှ လျှောက်ထားလျှင် ၄၅ ရက်အတွင်းရရှိမည်


24 August, 2019

ရန်ကုန်ဆောက်လုပ်ရေးပါမစ်အတွက် အွန်လိုင်းမှ လျှောက်ထားလျှင် ၄၅ ရက်အတွင်းရရှိမည်ဖြစ်ကြောင်း ဩဂုတ် ၁၉ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန် က ပြောထားသည်။

 ယခင်က ဆောက်လုပ်ရေး ပါမစ်လျှောက်ထားရာတွင် သုံးလခန့်ကြာကြောင်း၊ယခုအခါ အများဆုံး ၄၅ ရက်နှင့်လုပ်ငန်းစဉ်တစ်ခုလုံးပြီးစီးမှာဖြစ်ပြီး ဒေတာအချက်အလက်အစုံအလင် ထည့်သွင်းပြီးလျှောက်ထားလျှင် ၄၅ ရက်အတွင်း ပြန်ကျလာမှာဖြစ်ကြောင်း၊စားပွဲပေါင်းများစွာ ဖြတ်ကျော်ဖို့မလိုတော့ကြောင်း၊ရန်ကုန်ဆောက် လုပ်ရေးပါမစ်စနစ်တစ်ခုကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ပြီဟု မြို့တော်ဝန်က ပြောထားသည်။ အွန်လိုင်းစနစ်မှ ဆောက်လုပ်ခွင့်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီနှင့် ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) တို့တစ်နှစ်ကြာလက်တွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အွန်လိုင်းစနစ်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပေါ်တော့ကြောင်း၊လာရောက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်စေသည့် အချက်မှာ ဆောက်လုပ်ခွင့်ပါမစ် ကြာခြင်းမှာလည်း အချက်တစ်ခုဖြစ်ကြောင်း၊ယခု အွန်လိုင်းစနစ် ဆောင်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက်အလွန်ကျေးဇူးများကြောင်း ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင် ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ကြည်ကပြောထားသည်။

ဆောက်လုပ်ခွင့်များကို ခွင့်ပြုမိန့်မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်နှင့်စနစ်တကျဖြစ်ဖို့ အများကြီး ပြင် ဆင်ခဲ့ရကြောင်း၊ဆောက်လုပ်ခွင့်ကို အွန်လိုင်းပေါ်လုံးလုံးလျားလျားရောက်ရှိရန်အတွက် စာရွက်စာတမ်းများကို အရင်ဆုံးစပြီးပြင်ခဲ့ရကြောင်း၊အဓိကပံ့ပိုးမှုကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ဖြစ်ကြောင်း ၎င်းကပြောသည်။
 

Laws and Regulations Read 74 times