မလေးရှားအိမ်ရာဈေးကွက် အရေးပါတဲ့ ၄ ချက်


24 January, 2022

မလေးရှားအိမ်ရာဈေးကွက် အရေးပါတဲ့ ၄ ချက်

အိမ်ရာဈေးကွက်ထဲမှာ “bull run” လို့ ပြောကြာတဲ့ ကာလအတန်ကြာ ဈေးတက်ပြီးရင်း တက်နေတဲ့အခါ ဈေးကွက်ထဲမှာ ရောင်းလိုသူထက် ဝယ်လိုသူတွေ ပိုများနေစေပါတယ်။ ဝယ်ယူသူတွေအကြား တစ္ယောက်ထက်တစ်ယောက်က ဈေးပိုပေးပြီး ဝယ်ကြတဲ့အတွက် ဈေးထပ်မြင့်တက်ပါတယ်။
ပြောင်းပြန်အနေအထားကို မလေးရှား အိမ်ရာဈေးကွက် ရောက်ရှိနေပါတယ်။ အသစ်ဆောက်လုပ်ပြီးစီး ရောင်းချလိုတဲ့ အိမ်ရာ တိုက်ခန်းက ဝယ်လိုအားထက် ပိုများနေပါတယ်။
ပြည်တွင်းမှာ စီးပွားရေး အားပျော့နေစဉ် ရောင်းချသူများအကြား ပြိုင်ဆိုင်မှု မြင့်မားနေတယ်။ တိုက်ခန်းအသစ်တွေ ပိုလျှံနေတယ်။ တိုက်ခန်းအဟောင်း ရောင်းချလို့သူတွေလည်း များပြားနေတယ်။ 

 အဲဒီလို အခြေအနေများအကြားမှာ သတိမူသင့်တဲ့ အချက်တွေ ရှိပါတယ်။

၁။ ပိုလျှံခြင်းနှင့်ကပ်ရောဂါ

မလေးရှားနိုင်ငံမှ National Property Information Centre ရဲ့ အချက်အလက်များအရ ဆောက်လုပ်ပြီးစီးပြီး ရောင်းမထွက်သေးတဲ့ တိုက်ခန်းအသစ် ၃၀,၂၉၀ ရှိနေပြီး တန်ဖိုးစုစုပေါင်း ရင်းဂစ် ၁၉.၇၅ ဘီလျံ ရှိပါတယ်။ 
ရောင်းချလိုတဲ့ တိုက်ခန်းက ဝယ်ယူလိုသူများထက် ပိုများနေပြီး ပိုလျှံနေပါတယ်။ ဝယ်ယူသူများအဖို့ စိတ်ကြိုက်ရွေးချယ်နိုင်သလို ချက်ချင်း မဆုံးဖြတ်သေးဘဲ အချိန်ဆွဲထားလို့လည်း ရပါတယ်။ ရောင်းချင်တဲ့ ပိုင်ရှင်တွေအကြား အပြိုင်အဆိုင် ကြမ်းနေပြီး ကြိုပွိုင့်ဝယ်ထားပြီး ပြန်ရောင်းချတဲ့ ဈေးကွက်မှာလည်း အပြိုင်အဆိုင်တွေ ပြင်းထန်နေပါတယ်။
ကပ်ရောဂါကြောင့် စီးပွားကျနေကြတာကလည်း ဝယ်လိုအားကို ယုတ်လျော့စေပြီး အိမ်ရာပိုလျှံနေတဲ့ အ‌ခြေအနေကို ပိုဆိုးသွားပါတယ်။ လစာ လျှောခံရခြင်း၊ အလုပ်ပြုတ်ခြင်း၊ ဆက်လက် အလုပ်အကိုင် ရနေဖို့ မသေချာခြင်းတို့ကြောင့် အိမ်ရာတိုက်ခန်းအသစ် ဝယ်ယူဖို့ကို အချိန်ရွှေ့ဆိုင်းထားကြပါတယ်။

အိမ်ရာစီမံကိန်းအသစ်တွေ ပြီးစီးသွားတဲ့အခါ ဈေးကွက်ထဲ ရောင်းချမယ့် တိုက်ခန်းအသစ်တွေတိုးသွားစေတဲ့အပြင် ယခင်ပြီးစီးပြီးသား ရောင်းမထွက်တဲ့ တိုက်ခန်းအသစ်တွေကို သက်တမ်းပိုကြာနေတဲ့ တိုက်ခန်းများအဖြစ်သို့ ရောက်ရှိစေပါတယ်။  အထူးသဖြင့် အနီးအနားမှာ အိမ်ရာစီမံကိန်းတစ်ခု ပြီးစီးသွားရင် သက်ရောက်မှု ပိုပြင်းထန်ပါတယ်။ 
လူကြိုက်များတဲ့နေရာမှာ အိမ်ရာစီမံကိန်း ပြီးစီးသွားရင် လူကြိုက်နည်းတဲ့နေရာမှ တိုက်ခန်းအသစ်များ ရောင်းဖို့ ပိုခက်ခဲသွားစေပါတယ်။

တိုက်ခန်း ရောင်းထွက်ဖို့ ဆွဲဆောင်မှုတစ်ခုကတော့ အိုးပိုင်အိမ်ပိုင်မရှိဘဲ အိုးသစ်အိမ်သစ် ထူထောင်ဖို့ တိုက်ခန်းရှာသူတွေကို ပရိဘောဂများ အသင့်စီစဉ်ပေးတာ ဖြစ်ပါတယ်။ 


၂။ လက်တွေ့မကျသောဈေးနှုန်းများ

အိမ်ရာတိုက်ခန်း ရောင်းဈေးနှုန်းကို ပိုင်ရှင်က ဆုံးဖြတ်တယ်။ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အ‌ခြေအနေအရပ်ရပ်အရ ဆီလျော်တဲ့ ရောင်းဈေးကို သတ်မှတ်မှ တိုက်ခန်း ရောင်းထွက်မှာ ဖြစ်ပါတယ်။ ပိုင်ရှင်က လက်တွေ့မကျတဲ့ ဈေးအမြင့်ကို တောင်းဆိုနေရင် ဝယ်လက်တွေက လက်ရှောင်သွားကြမှာ ဖြစ်ပါတယ်။ 
ပိုင်ရှင်တွေမှာ စိတ်ခံစားမှုများအရ တိုက်ခန်းမှာ တွယ်ငြိနေတတ်တယ်။ လက်ရှိဈေးကွက်တန်ဖိုးကို နားလည်လက်ခံပေးဖို့ ခက်ခဲနေတတ်တယ်။
တကယ်လို့ ဝယ်ယူသူက ဘဏ်ချေးငွေဖြင့် ဝယ်ယူမယ်ဆိုရင် ဘဏ်က သတ်မှတ်တဲ့ ဈေးနှုန်းကိုသာ အတည်ယူလိုမှာ ဖြစ်ပါတယ်။ 
ဈေးနှုန်းကို ပုံသေ ကိုင်မထားဘဲ အလျော့အတင်း ကစားပေးနေဖို့ လိုအပ်ပါတယ်။ 
လက်တွေ့ကျတဲ့ ဈေးနှုန်းဖြင့် ကမ်းလှမ်းသော်လည်း လက်မခံဘူးဆိုရင် ရောင်းထွက်ဖို့ အချိန်မကျသေးဘူးလို့ မှတ်ယူရမှာဖြစ်ပါတယ်။ အမြန်ရောင်းထွက်လိုလျှင် ဈေးလျှော့ချပေးပြီး လိုက်လျောရမှာ ဖြစ်ပါတယ်။
ဈေးကျနေတဲ့ အိမ်ရာဈေးကွက်ထဲမှာ ဝယ်ယူသူတွေအဖို့ ဈေးဆစ်ဖို့ အခွင့်သာနေတယ်။ ဝယ်ယူသူ ပေးလိုတဲ့ ဈေးက ရောင်းသူ မျှော်လင့်ထားတာထက် နည်းနေလေ့ ရှိပါတယ်။ လက်တွေ့ကျတဲ့ ဈေးနှုန်းထက် အတော်နည်းနေလေ့ရှိပါတယ်။


၃။ ဝယ်ချင်စရာ ဖြစ်မနေခြင်း

ဈေးချင်းတူတဲ့ တိုက်ခန်းတွေကြားမှာ ဈေးလျှော့ပေးပြီး ကမ်းလှမ်းမယ့်အစား ရောင်းမယ့် တိုက်ခန်းတွေမှာ  ပိုသာနေတဲ့ အချက်တွေ ရှိအောင် ထည့်ပေးထားပြီး ဝယ်ချင်စရာကောင်းအောင် ဖန်တီးကြပါတယ်။
 ကွာခြားနေတဲ့ အားသာချက်တွေကို ဝယ်သူ နားဝင်အောင် ပြောပြတတ်တဲ့ အိမ်ရာအကျိုးဆောင်ကို ငှားရမ်းဖို့လည်း လိုပါလိမ့်မယ်။ 
 အားသာချက်တွေ ရှိနေရင် ဝယ်ယူသူအဖို့ ဘာကြောင့်ဝယ်သင့်သလဲဆိုတဲ့ မေးခွန်းကို အဖြေပေးပြီးသား ဖြစ်နေစေပါတယ်။ 
 အိမ်ရာတိုက်ခန်း ဝယ်ယူကြတဲ့သူတွေမှာ  သွားရေးလာရေး လွယ်လို့၊ ဈေးနဲ့နီးလို့၊ ဆိတ်ငြိမ်လို့ စသဖြင့်အကြောင်းပြချက်တွေ ရှိနေတတ်ပါတယ်။
 အားသာချက်က သူ့အတွက် အကြောင်းပြချက်တွေ ဖြစ်နေရင် ဝယ်ဖို့ စိတ်ပါလာမှာ ဖြစ်ပါတယ်။
 အိမ်ရာတိုက်ခန်း ဝယ်ပြီးရင် မွမ်းမံတာတွေ လုပ်ချင်သေးလို့ ငွေချန်ထားတယ်ဆိုရင် ရောင်းသူက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့သူ ဖြစမလို့ စီစဉ်ဆောင်ရွက်ပေးပြီး ဝယ်ချင်စရာ ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။

၄ မထိရောက်တဲ့ အိမ်ရာအကျိုးဆောင်

ရောင်းဖို့ တိုက်ခန်းတွေကို စီမံကိန်း မစခင်ကတည်းက အကျိုးဆောင်လုပ်ငန်းလက်ထဲ အပ်ထားတယ်။ 
လက်ထဲရှိတဲ့တိုက်ခနိးအသစ် ပြန်ရောင်းထုတ်ချင်တယ်ဆိုရင်လည်း အကျိုးဆောင်ပွဲစားလက်ထဲ အပ်ထားတယ်။
ပွဲစားက ဝယ်ဖို့ စုံစမ်းသူတွေကို စိတ်ရှည်ရှည်ဖြင့် ကျကျနန ရှင်းပြတတ်သူ ဖြစ်ဖို့ လိုပါတယ်။

 

 

 

 

Tips Read 357 times