3D Printer ဖြင့် ၂၄ နာရီအတွင်းအပြီးဆောက်သော အိမ်


27 October, 2020

သာမာန်အားဖြင့်အဆောက်အအုံတစ်လုံးဆောက်လုပ်ရာတွင် လအနည်းငယ်အချိန်ယူရမှာဖြစ်သည်။

သို့သော်ဆန်ဖရန်စစ္စကိုအခြေစိုက်ကုမ္ပဏီတစ်ခုမှ၂၄နာရီအတွင်းအိမ်တစ်လုံးဆောက်လုပ်ပြခဲ့ပါသည်။ ကုမ္ပဏီရဲ့အမည်မှာ Apis Cor ဖြစ်ပြီး 3D Printing ကိုအဓိကထားလုပ်သည့်ကုမ္ပဏီဖြစ်ပါသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကို အောက်ပါ link တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

သာမာန်အားဖြင့်အဆောက်အအုံတစ်လုံးဆောက်လုပ်ရာတွင် လအနည်းငယ်အချိန်ယူရမှာဖြစ်သည်။

သို့သော်ဆန်ဖရန်စစ္စကိုအခြေစိုက်ကုမ္ပဏီတစ်ခုမှ၂၄နာရီအတွင်းအိမ်တစ်လုံးဆောက်လုပ်ပြခဲ့ပါသည်။ ကုမ္ပဏီရဲ့အမည်မှာ Apis Cor ဖြစ်ပြီး 3D Printing ကိုအဓိကထားလုပ်သည့်ကုမ္ပဏီဖြစ်ပါသည်။

ယင်းကုမ္ပဏီမှတည်ေဆောက်ပေးခဲ့သည့် အိမ်မှာရုရှားနိုင်ငံတွင်ဖြစ်ပြီး အကျယ် ၄၀၀ စတုရန်းပေ ရှိသည့် အိမ်လေးတစ်လုံးဖြစ်ပါသည်။

ယင်းအိမ်တစ်လုံးလုံးပြီးစီးရန်အချိန် ၂၄နာရီသာယူပြီး စီမံခဲ့ခြင်းဖြစ်ပါသည်။

ထိုအိမ်ကိုအထူးပြုလုပ်ထားသောမိုဘိုင်းဆောက်လုပ်ရေးပရင်တာနှင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ၂၄ နာရီအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့်အရည်အသွေးနိမ့်သည်ဟုသတ်မှတ်မရဘဲ သက်တမ်း ၁၇၅နှစ် ဝန်းကျင်ခံနိုင်သည်ဟုဆိုပါသည်။

ထို့ပြင်နည်းပညာမြင့်ပစ္စည်းများနဲ့တည်ဆောက်ထားခြင်းဖြစ်သောကြောင့်အများကြီးကုန်ကျမည်ဟုထင်ရသော်လည်း ယင်းအိမ်၏တည်ဆောက်မှုစရိတ်မှာဒေါ်လာ ၁ သောင်းကျော်သာကုန်ကျကြောင်းသိရသည်။

ယင်းအချက်မှာအိမ်ယာမဲ့သူများအတွက် သက်သက်သာသာဖြင့်အိမ်ွ ပိုင်နိုင်မည့်အခွင့်အရေးတစ်ခုဖြစ်ပါသည်။

ယခုတည်ဆောက်မှုမှာအိမ်အသေးစားလေးတစ်လုံးသာဖြစ်ပြီးအနာဂါတ်တွင်ယခုထက်ပိုကြီးသည့်အိမ်အကြီး စားများကိုနည်းပညာမြင့်၍ဈေးသက်သက်သာသာဖြင့်ဆောက်လုပ်နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

Source:imyanmarhouse

Global How To Read 29 times