နိုင်ငံတကာက Wholesale ဈေးရုံကြီးများလို အဆင့်မှီအောင်လုပ်သွားမည့် ဈေးပေါင်း ၃၇ ခု


13 December, 2019

ဇွန်လ ၁၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် တညင်းကုန်းဈေးသစ်သို့ ဈေးသည်များ ပြောင်းရွှေ့နေရာချထားခြင်း သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက “ ကျွန်တော်တို့ ရန်ကုန်မြို့တော်

စည်ပင် သာယာရေးကော်မတီပိုင် ၃၇ ဈေးကို PPP စနစ်နဲ့အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်။ ဒါကလည်း နိုင်ငံတကာက Wholesale ဈေးရုံကြီးများလို အဆင့်မှီအောင် လုပ်သွားမှာဖြစ်ပြီး Operator စနစ်နဲ့ ထိန်းချုပ်လို့ရမယ့်အနေအထားရအောင် ဒီဈေး ၃၇ ခုကို စပြီး အဆင့်မြင့်တင် သွားဖို့ ဖြစ်ပါတယ်” ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေသစ်အရ ဒီလိုဈေးကြီးတွေကို အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်မြို့အတွင်း၌ စည်ပင်သာယာရေးကော်မတီပိုင် ဈေးပေါင်း ၁၈၄၀ ရှိ ပြီး ဈေးအများစုမှာ ပြင်ဆင်ရန် လိုအပ်ချက်များရှိနေကြောင်း သိရသည်။ “ ဒီလိုအဆင့်မြှင့်တင်တာတွေက ရန်ကုန်စည်ပင်ဥပဒေသစ်အရ လုပ်ဆာင်တာပါ။ ဒါကြောင့်လည်း တညင်းကုန်းဈေးသစ်ကြီး ကနေစပြီး Wholesale လက်ကားဈေးသစ်ကြီးအဖြစ် နိုင်ငံတကာ အဆင့်မှီအောင်လုပ်ဆောင်နေ တာပါ” ဟု ဦးသန်းက ပြောသည်။
 
တညင်းကုန်းဈေးသစ်တည်ဆောက်ရေးလုပ်ငန်း တတိယပိုင်းကို ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့် ဒညင်းကုန်ဈေးဟောင်းကနေ ဈေးသစ်ကိုပြောင်းဖို့ ဈေးသည် ၁၀၈၇ ဦးပြောင်းရွှေ့ရန်ကျန်ရှိနေသေးကြောင်းသိရပါသည်။

Factory and Industrial Plant Read 35 times