ကိုရီးယားတွင် လူ ၃၀ ဦးက အိမ်ရာ  ၈,၀၀၀ ဝယ်ယူဟု အချက်အလက် ထုတ်ပြန်


21 September, 2023

ကိုရီးယားတွင် လူ ၃၀ ဦးက အိမ်ရာ  ၈,၀၀၀ ဝယ်ယူဟု အချက်အလက် ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကိုရီးယားတွင် လွန်ခဲ့သည့် ငါးနှစ်ခွဲအတွင်း လူ ၃၀ က လူနေတိုက်ခန်း ၈,၀၀၀ နီးပါးကို ၀ယ်ယူခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၀)တွင် အချက်အလက် ထုတ်ပြန်ခဲ့သည်။
မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြုစုထားသည့် အချက်အလက်များတွင် အထက်ဖော်ပြပါ နေအိမ်များ၏ စုစုပေါင်းတန်ဖိုးသည် ဝမ် ၁.၁၉ ထရီလီယံ (ဒေါ်လာ ၈၉၇.၃၇ သန်း) တန်ကြေး ရှိကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့သော အိမ်ရာဝယ်ယူခြင်းမျိုးသည် အစိုးရ၏ အိမ်ရာစည်းမျဉ်းစည်းကမ်းများသည် အိမ်ရာတိုက်ခန်း ဈေးကစားခြင်းအား ထိရောက်စွာ တားဆီးခြင်း မပြုနိုင်ကြောင်း ပြသနေသည်ဟု အမျိုးသားလွှတ်တော်၏ မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုရီးယား အဓိက အတိုက်အခံပါတီ Democratic Party of Korea (DPK) ၏ ကိုယ်စားလှယ်  Min Hong-chul က ပြောကြားသည်။

ကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ယခုနှစ် ဇွန်လအထိ ၅နှစ်ခွဲ ကာလအတွင်း အိမ်ရာဈေးကွက်တွင် မကြာခဏ ဝယ်ယူမှု အများဆုံးအဖြစ် စာရင်းသွင်းထားသည့် လူ ၃၀ သည် စုစုပေါင်းအိမ်ခြံမြေ ၇,၉၉၆ ခုကို ဝယ်ယူခဲ့ကြသည်။

၎င်းစာရင်းပါ လူ ၃၀ မှာ အများဆုံး ဝယ်ယူသူသည် စုစုပေါင်း ဝမ် ၁၁၅.၆ ဘီလီယံတန်ဖိုးရှိ အိမ်ရာ ၇၉၂ ခုကို ဝယ်ယူခဲ့သည်။

ဒုတိယအများဆုံး ဝယ်သူသည် စုစုပေါင်း ဝမ် ၁၁၅.၁ ဘီလီယံတန်ဖိုးရှိ အိမ်ရာ ၇၀၉ ခုကို ဝယ်ယူခဲ့သည်။

ဝယ်ယူခဲ့ကြသည့် အိမ်ရာများမှာ ကိုရီးယားတွင် လူကြိုက်အများဆုံး အိမ်ရာစီမံကိန်း တိုက်ခန်းများမှ လူကြိုက်နည်းသော အထပ်နိမ့် မိသားစုပေါင်းစုံ နေထိုင်သည့် အဆောက်အအုံများနှင့် လုံးချင်းအိမ်များအထိ အမျိုးမျိုးအဖုံဖုံ ပါဝင်သည်။

၎င်းစာရင်းပါ လူ ၃၀ တွင် ၂၄ ဦးမှာ အိမ်ရာဝယ်လိုအား အများဆုံးဖြစ်သည့် ဆိုးလ်၊ အင်ချွန်းနှင့် ချုံဂီ တို့တွင် စူးစိုက်ထားပြှီး ဝယ်ယူခဲ့ကြသည်။
၎င်းတို့ ၂၄ ဦးသည် စုစုပေါင်း အိမ်ရာ ၆.၆၂၂ ခုကို ဝယ်ယူခဲ့ပြီး စုစုပေါင်းတန်ဖိုး ဝမ် ၁.၄၅ ထရီလီယံ  ရှိသည်။

Source koreatimes 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Real Estate & Properties Read 346 times