ကမ္ဘောဒီးယားတွင် ဒုတိယမြောက် တရုတ်ရင်းနှီးမြှုပ်နှံ အမြန်လမ်း ဆောက်လုပ်ရေး စတင်


09 June, 2023

ကမ္ဘောဒီးယားတွင် ဒုတိယမြောက် တရုတ်ရင်းနှီးမြှုပ်နှံ အမြန်လမ်း ဆောက်လုပ်ရေး စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံနယ်စပ်ရှိ Svay Rieng ခရိုင် Bavet မြို့နှင့် မြို့တော် ဖနွမ်းပင်မြို့တို့ကို ဆက်သွယ်ပေးသည့် ဒုတိယမြောက် တရုတ်ရင်းနှီးမြှုပ်နှံထားသော အမြန်လမ်းကို ဇွန်လ ၇ ရက်တွင် ပန္နက်ချခဲ့သည်။

 

China Road and Bridge Corporation မှ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြုပ်နှံသည့်  ၁၃၅.၁ ကီလိုမီတာ အမြန်လမ်းစီမံကိန်းကို BOT (Build-Operate-Transfer) ပုံစံဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့် သက်တမ်းမှာ  နှစ် ၅၀ ဖြစ်သည်။

လေးလမ်းသွား အဝေးပြေးလမ်း စီမံကိန်းကို လေးနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားသည်။

ဖနွမ်းပင်-ဘဗက် အမြန်လမ်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အမြန်လမ်းကို အသုံးပြုခြင်းဖြင့် အချိန်ကုန် ငွေကုန် သက်သာမည် ဖြစ်သည်။
 
China Road and Bridge Corporation သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက စတင်အသုံးပြုခဲ့သည့် ၁၈၇ ကီလိုမီတာ ရှိသည့် ဖနွမ်းပင်- သီဟာနုတ်ဗေး အမြန်လမ်းကို ဖောက်လုပ်ခဲ့သည်။ ဖနွမ်းပင်-ဘဗက် အမြန်လမ်းသည် ဒုတိယမြောက် ဖောက်လုပ်သည့် အမြန်လမ်းဖြစ်ပါသည်။
Source khmertimeskh
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Infrastructure and Zones Read 515 times