သန်း ၂၇၀ ဖြင့် ဒေါပုံမြို့နယ်ရှိ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်


19 December, 2020

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၇၀ ဖြင့်တည်ဆောက်ပြီးစီး၍ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါအဆောက်အအုံကို ထွန်းတောက်အောင်ဇမ္ဗူ ကုမ္ပဏီလီမိတက်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၆၅ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၃၂ ပေရှိ၍ ၃ ထပ် RC အဆောက်အဦးဖြစ်သည်။

 ထိုအခမ်အနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောရာတွင် တိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများ၏ ကြီးကြပ်ဆောင်ရွက်မှုများနှင့်အတူ ယခုလို ကောင်းကောင်းမွန်မွန် ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများအား ၁၉၇၄ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ဘတ်ဂျက်ရရှိမှုပေါ် မူတည်၍ တစ်နှစ်တွင် ၄ ရုံး၊ ၅ ရုံးလောက်သာ တည်ဆောက်နိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် ဥပဒေရုံးများ၏ အခြေအနေများ၊ အခက်အခဲများနှင့် အမှန်တကယ် ဖြစ်ပေါ်နေသော အနေအထားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစိုးရများ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

 ထို့နောက် ဗိုလ်မင်းဗိုလ်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်မည့် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၆ ထပ် RC အဆောက်အဦအား ဆောက်လုပ်နိုင်ရန် ပန္နက်တော်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံသည် လက်ရှိ ၁၀ နှစ်ကာလအတွင်း ဒေါပုံမြို့နယ်အပါအဝင် ဥပဒေရုံး ၁၁၅ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၈၉ လုံးအထိ တိုးပွားဆောက်လုပ်နိုင်ခဲ့ပြီး လက်ရှိတွင် ဥပဒေရုံး ၂၉၉ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၁၁၂ လုံးအထိ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

Residential Read 83 times