ကမ္ဘာ့ အလှဆုံး နိုင်ငံ ၂၅ ခု


17 November, 2020

ယခုစုစည်း ဖော်ပြထားသော နိုင်ငံ များအား ရောက်ဖူးကြတဲ့သူများလည်း ရှိမှာပါ။တကယ် လှပတဲ့ ရှုခင်းလေးတွေဖြစ်ပါတယ်။

1.Netherlands

သက်တံကဲ့သို့အရောင်းအဆင်းစုံလင်လှသော နှင်းပန်း(Tulips)များကြောင့် လူသိများသော Holland နိုင်ငံပင်ဖြစ်သည်။ဧပြီ လလယ်ခန့်တွင် လာရောက်လည်ပတ်သူများပြားလျက်ရှိသည်။

 


2.Turkey

Turkey ထဲတွင် တည်ရှိသော Cappadocia သည် ကျောက်စွယ်များ ချွန်ထွက်နေသည့် ကြားတွင် လေပူဖောင်းများက ကောင်းကင်ယံတွင် လှပနေသည်။

3.Japan

ဂျပန်နိုင်ငံ ကျိုတို ရှိ Arcshiyama အရပ်ဒေသတွင် လှပသော ဝါးပင်လေးများဖြင့် သဘာဝအလှတရားအား ကြည့်ရှု့နိုင်သည့် အံ့သြစရာကောင်းသော နေရာလေးပင်ဖြစ်သည်။

 

4.Bolivia

ကိုယ့်ပုံကိုယ်ပြန်မြင်ရလောက်အောင်ထိ ကြည်လင်နေသော ဆားသတ္တုတွင်းကြီးသည် Bolivia တွင်တည်ရှိသည်။

 

5.Utah

ကျောက် အပွင့်အလွှာ အနီနှင့်လိမ္မော်ရောင် ကျောက်တိုင်ရောနှောနေသော Hoodoos အဖြစ်လူသိများ သော နေရာလေးပင်ဖြစ်သည်။

 

6.Vietnam

Mu Cang Chai ရှိ လယ်ကွင်းများနှင့် တောင်တန်းရှုခင်းများနှင့်အတူ ဗီယက်နမ်နိုင်ငံတွင် အများဆုံး ရင်သပ်ရှုမော်ဖွယ်ရာ ရှုခင်းတစ်ခုပင်ဖြစ်သည်။

7.Iceland

Iceland တွင် အကြီးဆုံးရေခဲမြစ်သည် နိုင်ငံ၏ အလှဆုံးနေရာတစ်ခုဖြစ်သည်။ယင်းရေခဲမြစ်အောက်တွင် ရေခဲဂူ၊ချောက်ကြီးများနှင့် မီးတောင်ကြီးများလည်းရှိသည်။

8.Egypt

ဂီဇာ၏ ပိရမစ်ကြီး သုံးခုကတော့ ဗိသုကာ၏လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ဘာဖြစ်လို့ ဒါကို တည်ဆောက်ခဲ့သည်ဆိုတာကိုတော့ မသိရပေ။

9.Botswana

Okavango မြစ်ဝကျွန်းပေါ်ရှိ ဧဒင်ဥယျာဉ်ကဲ့သို့သော နေရာတွင် တောလိုက်ကျားသစ်၊မြင်းကျား၊ကျွဲနှင့် ကြံ့တို့လွတ်လပ်စွာ ကျင်လည်ကျက်စားလျက်ရှိသည်။

10.Namibia

အနီရောင်သဲသောင်များနှင့်ခြောက်သွေ့သောသစ်ပင်များဖြင့် ကန္တာရတခုပင်ဖြစ်သည်။

11.Ireland

ပင်လယ်ကမ်းခြေနားက ချောက်ကမ်းပါး ဟူ၍ လူသိများသော နေရာသည် Ireland တွင် တည်ရှိသည်။

12.Portugal

ပေါ်တူဂီနိုင်ငံတောင်ပိုင်း တွင်ရှိသော နာမည်ကြီးသည့် Benagil ပင်လယ်ပြင်ဂူသည် အလွန်လက်ရာမြောက်သော ကမ်းခြေနှင့် ဂူ အတူစီတန်းထားခြင်းဖြစ်သည်။

 

13.Japan

Ashikaga ရှိ ခရမ်းနုရောင်သစ်ပင်များ သည် ပန်းရောင်နှင့် ခရမ်းနုရောင် ဖြင့် ရေးခြယ်ထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ ပန်းခြံထဲတွင် နွေဦးရာသီ တစ်ပတ်ခန့် ပွင့်လျက်ရှိသည်။

14.Bhutan

Para Taktsang သည် “The Tiger’s Nest”ဟူ၍ နာမည်ကြီးသော ဘုန်းကြီးကျောင်းဖြစ်ပြီးမြေပြင်အထက် အမြင့်ပေ ၁ဝ,ဝဝဝပေမြင့်လျက်ရှိသည်။

 

15.India

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈ဝဝဝမြင့်ပြီး ကမ္ဘာပေါ်တွင်အလှဆုံးနှင့် အမြင့်ဆုံးလက်ဖက်ခြံတစ်ခုပင်ဖြစ်သည်။

16.Belize

မြို့ပတ်ရထားပုံသဏ္ဌာန်နှင့်တူပြီး မီးပြတိုက် သောင်ခုံကျောက်တန်းအလယ်တွင်ပေ ၁ဝဝဝနက်သော တွင်းပေါက်ကြီးတခုဖြစ်သည်။

17.Italy

အီတလီနိုင်ငံ၏ အထူးခြားဆုံးအရာမှာ ဗင်းနစ် တူးမြောင်းပင်ဖြစ်သည်။

18.Vietnam

အရှေ့မြောက်ဗီယက်နမ်နိုင်ငံတွင် တည်ရှိသော Halong Bay တွင် ရေပြာနှင့် ထုံးကျောက် ကျွန်းများစွာ ရှိသည်။

19.Czech Republic

Moravian Field သည် ဆီဆေးဖြင့်ပန်းချီ ဆွဲထားသကဲ့သို့ ပန်းချီ ကား လယ်ကွင်းပုံသဏ္ဌာန်ဖြစ်နေသည်။

20.Hawaii

Kauai တွင် ကမ္ဘာ့အလှဆုံးဆိုပြီး ဝင့်ကြွားစရာ တစ်ုကတော့ လှပသော ကမ်းရိုးတန်းများပင်ဖြစ်သည်။

21.Tanzania

Serengeti သည် Tanzania ၏ စွန့်စားမှုများအတွက် စံပြတည်နေရာတစ်ခုပင်ဖြစ်သည်။

22.France

အဆုံးအစမဲ့သော လာဗင်ဒါလယ်ကွင်းများသည် ပြင်သစ်နိုင်ငံ ၏အလှပဆုံးနေရာတစ်ခုဖြစ်သည်။

 

23.Brazil

ဘရာဇီး၏ အရှေ့မြောက်ဘက်ကမ်းရိုးတမ်းတွင် အကောင်းဆုံးကမ်းခြေနှင့် အလှဆုံး ရှုခင်းများဖြင့် လှပလျက်ရှိသည်။

24.Arctic Circle

Sweden တွင် ရှိသော ဖွက်ထားသော ကောင်းကင်ဘုံ သဏ္ဌာန် Arctic Circle တစ်ခုဖြစ်သည်။

 

25.Peru

မာချူပီချူ၏ မြင်ကွင်းကျယ်အမြင်နှင့်အနုစိတ် ကျောက်ခဲများဖြင့် လှပ လျက်ရှိသည်။

Global Tips Read 188 times