တာဝါတိုက်တာ နှစ်ခု ဥပဒေနှင့် မညီညွှတ်သဖြင့် ဖြိုချ


29 August, 2022

 တာဝါတိုက်တာ နှစ်ခု ဥပဒေနှင့် မညီညွှတ်သဖြင့် ဖြိုချ

အိန္ဒိယနိုင်ငံရှိ အထပ်မြင့် တိုက်ခန်း တာဝါတိုက်တာ နှစ်ခုကို နိုင်ငံ၏ အမြင့်ဆုံး တရားရုံးက အဆောက်အဦ စံနှုန်းများကို ချိုးဖောက်ထားသဖြင့် တရားမဝင်ကြောင်း ကြေညာပြီးနောက် တနင်္ဂနွေနေ့ (ဩဂုတ် ၂၈)တွင် စနစ်တကျ ထိန်းချုပ် ဖောက်ခွဲ၍ ဖြိုဖျက်ခဲ့ပါသည်။

 
အထပ်မြင့် အဆောက်အဦ တာဝါတိုက်တာနှစ်ခု၏ မီတာ ၁၀၀ (၃၂၈ ပေ) ပတ်ပတ်လည်တွင် ဖောက်ခွဲမှု၏ သက်ရောက်မှု ရှိ‌ေနသည့်အတွက် အန္တရာယ်ရှိ ဧရိယာအတွင်း နေထိုင်နေကြသည့် မိသားစုပေါင်း ၁,၅၀၀ ကျော်သည် ၎င်းတို့၏ တိုက်ခန်းများကို ထွက်ခွာခဲ့ကြရသည်။ ဘေးလွတ်ရာတွင်  ခုနစ်နာရီကျော်ကြာအောင် နေကြရသည်။

အချို့လူနေတိုက်ခန်းများသည် ဖောက်ခွဲမှုနှင့် ၉ မီတာ (၂၉.၅ ပေ) မျှသာ ကွာဝေးပါသည်။ ဘေးကင်းရန်အတွက် အနည်းဆုံး မီတာ ၂၀ ဝေးကွာဖို့ လိုအပ်ပါသည်။

 တာဝါတိုက်တာနှစ်ခုကို အတွင်းဘက်သို့ ပြိုကျအောင် ဖောက်ခွဲပြီး ဖြိုချခဲ့ကြသည်။

တာဝါတိုက်တာတစ်ခုမှ ၃၂ ထပ် အဆောက်အဦဖြစ်ပြီး ကျန်တစ်ခုမှာ ၂၉ ထပ် အဆောက်အဦ ဖြစ်ပါသည်။ နယူးဒေလီမြို့‌ေတာ် ဆင်ခြေဖုံးတွင် တည်ဆောက်ထားပြီး လူမနေသေးခင် အသစ်အခြေအနေတွင် ဖြိုချခဲ့ခြင်း ဖြစ်ပါသည်။

စတင်ဖောက်ခွဲချိန်မှ ပြိုကျပြီးသွားသည်အထိ စက္ကန့်ပိုင်းသာ ကြာမြင့်ပါသည်။
တာဝါတိုက်တာ အနီးတဝိုက်တွင် နေထိုင်ကြသူများနှင့် တာဝါတိုက်နှစ်လုံး ဆောက်လုပ်သည့် Supertech Limited တို့ တရားရုံးတွင် တရားတဘောင် ရင်ဆိုင်ခဲ့သည်မှာ ၁၂ နှစ် ကြာမြင့်ခဲ့ပါသည်။ 


တာဝါတိုင်များ တည်ဆောက်သည့် Supertech Limited သည်  အစိုးရအရာရှိများကို အပိုင်ပေါင်းပြီး ဆောက်လုပ်ခွင့်မရှိသော မြေဧရိယာတွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

 အနီးနားရှိ အဆောက်အအုံများနှင့် ခွာပြီး ဆောက်လုပ်ရန် သတ်မှတ်ထားသည့် အကွာအဝေးအတွင်းတွင် တာဝါတိုက် ၂ ခုကို ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။
 ထို့ပြင် အနီးတဝိုက်ရှိ အိမ်ရာတိုက်ခန်းများတွင် နေထိုင်သူများထံမှ သဘောတူခွင့်ပြုချက် မယူမနေရ အရင်ရယူပြီး ကန့်ကွက်ချက် မရှိမှသာ ဆောက်လုပ်ခွင့် ရှိသည်ဖြစ်ရာ၌ Supertech Limited သည် သဘောတူခွင့်ပြုချက်များ ရယူထားခြင်း မရှိချေ။
 
ဖြိုဖျက်ခြင်းလုပ်ငန်းစဉ်ကို အိန္ဒိယမှ Edifice Engineering နှင့် တောင်အဖရိကမှ  Jet Demolition တို့က ရူပီ သန်း ၁၈၀ ( ကန်ဒေါ်လာ ၂.၂၅ သန်း) ဖြင့် ကန်ထရိုက်ရယူပြီး ဖြိုဖျက်ပေးပါသည်။

 

Guinness World Records အဆိုအရ ဖောက်ခွဲဖြိုချသည့် အမြင့်ဆုံးတိုက်တာမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး) ရှိ ၁၆၅ မီတာ(၅၄၁ ပေ) မြင့်သည့် မိုးထိတိုက်တာ ဖြစ်ပါသည်။
Source koreatimes
#MyanmarBuilderGuide 
Telegram Channel https://t.me/Guid4U

How To Laws and Regulations Read 440 times