ဒွန်မောင်းလေဆိပ် ကန်ဒေါ်လာ ၁ ဘီလီယံ တိုးချဲ့စီမံကိန်း ယခုနှစ် စတင်မည်


26 March, 2023

ဒွန်မောင်းလေဆိပ် ကန်ဒေါ်လာ ၁ ဘီလီယံ တိုးချဲ့စီမံကိန်း ယခုနှစ် စတင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက် ဆင်ခြေဖုံးတွင် တည်ရှိသည့် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့စီမံကိန်း စတင်ရန် အသင့်ဖြစ်နေပြီဟု Airports of Thailand (AOT) က အတည်ပြုပြောကြားသည်။ 

အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် လေဆိပ်တိုးချဲ့စီမံကိန်းသည် ဘတ်ဂျက်လေကြောင်းလိုင်းများအတွက် တာမင်နယ်များ ထပ်တိုးမည် ဖြစ်သည်။

လေယာဉ်ရပ်နားပြီး ခရီးသည်နှင့် ကုန်စည် အတင်အချ ဆောင်ရွက်ရန် လေယာဉ် ၁၂ စီးစာ နေရာများ ပါဝင်မည်ဖြစ်ပြီး ဂျက်လေယာဉ် ဆိုက်ကပ်ရန် တံတားလက်တံ ၁၁ ခုပါဝင်မည်ဟု the Bangkok Post က AOT ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြပါသည်။

ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တစ်နှစ်လျှင် ခရီးသည် ဦးရေ သန်း ၃၀ ကိုင်တွယ်ပေးနိုင်ရာမှ သန်း ၄၀ အထိ တိုးမြှင့်ရန် တိုးချဲ့စီမံကိန်းကို အကောင်အထည် ဖော်ခြင်း ဖြစ်သည်။

.

ထိုင်းနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် ၆ ခုကို လုပ်ကိုင်လျက်ရှိသော AOT က တိုးချဲ့စီမံကိန်းကို ၂၀၂၉ တွင် ပြီးစီးရန် လျာထားသည်။

 လုပ်ငန်းလည်ပတ်ငွေမှ ရယူပြီး ရင်းနှီးမြှုပ်နှံမှုပြုမည် ဖြစ်သည်။

.

ထိုင်းနိုင်ငံသည် အရှေ့ပိုင်း စီးပွားစင်္ကြံ Eastern Economic Corridor ကို အကောင်အထည်ဖောမလျက်ရှိရာ ဘန်ကောက်မှ ပတ္တရားအထိ လေဆိပ်ကဏ္ဍကို အကြီးစား တိုးချဲ့မှုများ ဆောင်ရွက်မည် ဖြစ်သည်။

 

 

ဒွန်မောင်း စီမံကိန်းအပြင် ရယောင် ပြည်နယ်အရှေ့ပိုင်း ယူတပေါင် U-Tapao လေဆိပ်ကို အခြေခံ၍ ဒေါ်လာ ၈.၈ ဘီလီယံ “လေကြောင်းမြို့တော်”“aviation city” တည်ဆောက်ရေး စီမံကိန်းကို ယခုနှစ်တွင် စတင်မည်ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်သည့် ဘန်ကောက်မြို့မှ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း တိုးချဲ့မည် ဖြစ်သည်။

ဘန်ကောက်မြို့တွင် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မူလလက်ဟောင်း လေဆိပ်ဖြစ်ပြီး ဘတ်ဂျက်လေကြောင်းလိုင်းများအတွက် လေဆိပ် ဖြစ်ပါသည်။ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ‌ထပ်တိုးသည့် လေဆိပ် ဖြစ်ပါသည်။

၎င်းစီမံကိန်းများသည် ကန်ဒေါ်လာ ၇.၂ ဘီလီယံ သုံးစွဲမည့် မြန်နှုန်းမြင့် ရထားလမ်းတစ်ခုနှင့် ချိတ်ဆက်ထားမည် ဖြစ်သည်။

.

ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တိုးချဲ့စီမံကိန်းကို ထိုင်းအစိုးရအဖွဲ့က ၂၀၂၂ နိုဝင်ဘာလတွင် အတည်ပြုပေးခဲ့ပါသည်။

 လေဆိပ် တောင်ဘက်အပိုင်းတွင် တတိယမြောက် တာမင်နယ်ကို တည်ဆောက်မည်။ အထပ် ၇ ထပ်ရှိသည့် ယာဉ်ရပ်နားရန် အဆောက်အဦကို မွမ်းမံမည်။

လေဆိပ်မြောက်ဘက်ခြမ်းတွင် လေယာဉ်များ ရပ်နားရန် နေရာကို မွမ်းမံမည်။ မြောက်ခြမ်း အဆောက်အဦကို မွမ်းမံမည် ဖြစ်ပြီး ရုံးခန်းများနှင့် VVIP lounge များ ထည့်သွင်းမည်။

 passenger terminal building 1 ကို မွမ်းမံမည် အစရှိသည်တို့ တိုးချဲ့စီမံကိန်းတွင် ပါဝင်ပါသည်။

 Source global constructionreview

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Infrastructure and Zones Read 375 times