သန်း ၁၈၀ မြှုပ်နှံပြီး ရန်ကုန်မြို့တွင် ဈေးဝယ်မားကတ်ကြီးတစ်ခု တည်ဆောက်မည်


01 January, 2020

ဂျပန်နိုင်ငံရဲ့ လက်လီရောင်းချရေး လုပ်ငန်းစု အေရွန် အနေနဲ့ ရန်ကုန်မြို့မှာ ကြီးကျယ်ခန်းနားတဲ့ ဈေးဝယ်မားကတ် ကြီးတစ်ခု တည်ဆောက် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၈၀ အကုန်ကျခံမယ်လို့ သိရပါတယ်။ ၎င်းအနေဖြင့်  အရှေ့တောင်အာရှနိုင်ငံမှာ ဈေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

 ၎င်းအေရွန် ဈေးဝယ် စင်တာကြီးကို ၇၂,၀၀၀ စတုရန်းပေ မြေကွက်မှာဆောက်လုပ်မှာဖြစ်ပြီး ရန်ကုန်မြို့လယ်ခေါင် နဲ့ မိနစ် ၃၀ အကွာအဝေးလောက်နေရာမှာ တည်ဆောက်မှာပါ။ အေရွန်ရဲ့ ပြောကြားချက်အရ ၂၀၂၁ နှစ်လယ်မှာ စတင်ဆောက်လုပ်ဖို့ ဦးတည်ထားတယ်သိရပြီး ၂၀၂၃ ခုနှစ်လောက်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားတယ်သိရပါတယ်။

 ယခုရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို မြန်မာ အစိုးရမှ ဇူလိုင်လ နောက်ဆုံး ရက်သတ္တပတ်မှာ  အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အေရွန်ဟာ အဆောက်အအုံတည်ဆောက်ဖို့ ရွှေတောင်လုပ်ငန်းစု နဲ့ အေရွန်လုပ်ငန်းစုက အကျိုးတူပူပေါင်း လုပ်ကိုင်တာမှာ အေလွန်လုပ်ငန်းစုရဲ့ Aeon Group ရဲံ လက်ခွဲဖြစ်တဲ့ Aeon Mall က ၇၀ ရာခိုင်နှုန်း ထည့်ဝင်ပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ရွှေတောင်လုပ်ငန်းစုက ထည့်ဝင်ပါတယ်။

 အေရွန်ဟာ အခုဆိုရင် အရှေ့တောင်အာရှမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံတာမှာ ကမ္ဘာလက်လီအရောင်းလုပ်ငန်း အကြီးစားတွေကို  ဦးဆောင်နေပါတယ်၊။ အေရွန်အနေနဲ့  မြန်မာနိုင်ငံနဲ့ နှိုင်းစာနိုင်တဲ့ တစ်ဦးချင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့် ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဈေးဝယ်စင်တာ ၂ ခုရှိထားပြီး နောက်ထပ်တစ်ခု ထပ်မံဖွင့်လှစ်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။

 အေရွန်ရဲ့ အမှုဆောင်ချုပ်တစ်ဦးပြောကြားချက်ကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဈေးဝယ်စင်တာတွေဟာ စီးပွားစွမ်းဆောင်ရည် အားကောင်းတာကြောင့် တအားတက်စရာ ဖြစ်နေပြီး မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်မှာ ဖြစ်ပြီး ပြိုင်ဘက်တွေ မရှိသေးခိုက်မှာ ဈေးကွက်ကြီးစိုးမှုကို လက်ဦးမှု ရယူဖမ်းဆုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 ရွှေတောင် အိမ်ခြံမြေလုပ်ငန်းစုမှ အမှုဆောင်ချုပ်ဖြစ်သူ မစန္ဒာထွန်းရဲ့ ထုတ်ပြန်ချက်အရ " အေရွန်နဲ့အတူ မဟာဗျူဟာ‌မြောက် ဖက်စပ်လုပ်ငန်းထဲ ဝင်ရောက်ပြီး Aeon Mall နဲ့အတူ ပိုလတ်ဆတ်ပြီး ပိုဆန်းသစ်တဲ့ လက်လီအရောင်းနဲ့ စတိုင်အယူအဆတို့ကို မြန်မာနိုင်ငံသို့ ဆောင်ယူဖို့  စိတ်လှုပ်ရှားမိပါတယ်" လို့ ဆိုပါတယ်။

 ရွှေတောင်လုပ်ငန်းစုကြီးဟာ အဓိကအားဖြင့် အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ကိုင်တဲ့ လုပ်ငန်းစုကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အလုပ်သမား အင်အား ၆၈၀၀ လောက်နီးနီး ရှိပါတယ်။

၁၉၉၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှာ ဈေးဝယ်စင်တာ ၆ ခုကို လုပ်ကိုင်လျက် ရှိတာမှာ ၂၀၁၇ ခုနှစ်မှာ ရန်ကုန်မြို့လယ်မှာ ဖွင့်လှစ်ခဲ့တဲ့   Juction City အပါအဝင် ဖြစ်ပါတယ်။ 

 ရွှေတောင်အနေနဲ့ အခြား ဂျပန်နိုင်ငံမှ လုပ်ငန်းစုတွေဖြစ်တဲ့ Tokio Marine, Nichido Fire Insurance နှင့်  Nippon Life Insurance တို့နှင့်လည်း စီးပွားမိတ်ဖက်ဖွဲ့ထားပါတယ်။အေရွန် ဈေးဝယ်စင်တာကြီးကို ရွှေတောင်မှ  ၂၀၁၄ ခုနှစ်ကတည်းက မြို့ပြဖွံ့ဖြိုးရေး လုပ်ကိုင်လျက် ရှိတဲ့  ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ဆောက်မှာ ဖြစ်ပြီး  သီလဝါ အထူးစီးပွားရေးဇုန်နှင့်လည်း နီးပါတယ်။

 ၂၀၁၈ ခုနှစ်မှာ မြန်မာအစိုးရမှ ပြည်ပလုပ်ငန်းများကို လက်လီလက်ကား အရောင်းကဏ္ဍများမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့တာဟာ Aeon Mall ဝင်ရောက်လုပ်ကိုင်ဖို့ လမ်းသာစေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဦးဆောင်လုပ်ငန်းစုကြီး Charoen Pokphand Group ရဲ့ Siam Makro  က Makro Myanmar သိုလှောင်ရုံပုံစံ စူပါမားကက်တစ်ခုကို ဧပြီလမှာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

 Aeon လုပ်ငန်းစုကြီးအဖို့ အရှေ့တောင်အာရှဟာ ဝင်ငွေအတွက် ကြီးမားစွာ ကျေးဇူးပြုပါတယ်။ ဗီယက်နမ်မှာ ၅ ခု၊ ကမ္ဘောဒီယားနဲ့ အင်ဒိုနီးရှားတို့မှာ ၂ ခုစီ လုပ်ကိုင်လျက်ရှိရာမှာ Aeon Mall  အတွက် အမေရိကန်ဒေါ်လာ ၃၇၂.၁၁ သန်း (၃၄.၅ ဘီလျံယန်း)လုပ်ငန်းလည်ပတ်မှုအမြတ် ရရှိခဲ့ပါတယ်။ အဲဒီ ပမာဏဟာ တရုတ်ပြည်မှ ရရှိတဲ့ဝင်ငွေ ၉ ဘီလျံယန်းထက် အများကြီး သာပါတယ်။ 

ဂျပန်နိုင်ငံမှာတော့ လက်လီအရောင်းဈေးကွက်က ရင့်မာနေပြီဖြစ်လို့ အေရွန် အနေနဲ့ ဈေးဝယ်မောလ် အသစ်ထပ်မံ ဖွင့်ဖို့ထက် ရှိပြီးသား ရှော့ပင်းမောလ်များကိုသာ ပြန်လည် မွမ်းမံဖိုံ ဦးစားပေးတဲ့ မဟာဗျူဟာကို ကျင့်သုံးလျက် ရှိပါတယ်။

 

သို့ပေမယ့် ၎င်းလုပ်ငန်းစု အနေနဲ့ ပင်လယ်ရပ်ခြားတွေမှာတော့ ရှော့ပင်းမောလ်အသစ်တွေ ထပ်မံဖွင့်လှစ်ဖို့ အရှိန်တင် လုပ်ကိုင်လျက် ရှိပါတယ်။ တရုတ်ပြည်မှာ လက်ရှိ ဆိုင်ပေါင်း ၃၀ လုပ်ကိုင်နေပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆိုင်ပေါင်း ၇၀ တိုးဖွင့်မှာ ဖြစ်ပါတယ်။

 

ကိုဗစ်ဖြစ်နေတဲ့ ကာလ ဘယ်တော့ အဆုံးသတ်မလဲဆိိုတာ မသိနိုင်သေးပေမဲ့ Aeon Mall မှ ဥက္ကဋ္ဌ ဖြစ်သူ Yasutsugu Iwamura က '' ကျွန်တော်တို့ ရဲ့ အစီအစဉ်တွေက ပြောင်းလဲမှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

 

အခုအချိန်မှာ မြန်မာလူမျိုး ကိုဗစ်ကူးစက်ခံရတာဆိုလို့ လူ အယောက် ၃၅၀ သာရှိပါသေးတယ် ဒါဟာ အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပါက အရမ်းနည်းပါတယ်။

 

ကမ္ဘာ့ ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာ့ စီးပွားရေး တိုးတက်မှုက  ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ အဆုံးသတ်မယ့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ တိုးတက်မှု ၀.၅ ရာခိုင်နှုန်းအဖြစ် နှေးကွေးနေပေမဲ့လည်း  ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာတော့ ၇.၂ ရာခိုင်နှုန်းအထိ ပြန်မြင့်တက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Factory and Industrial Plant Read 54 times