ကွယ်လွန်သူ Zaha Hadid ရဲ့ ဘူတာရုံဗိသုကာဒီဇိုင်းလက်ရာ


25 November, 2021

ကမ္ဘာကျော်အမျိုးသမီးဗိသုကာ Zaha Hadid သည် အသက် ၆၅ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် နှလုံးအမောဖောက်ပြီး အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ ဗိသုကာနယ်ပယ်တွင် လျှမ်းလျှမ်းတောက် အောင်မြင်မှုများ ဆက်လက်ရရှိနေစဉ် ကွယ်လွန်ခဲ့သည်။ မပြီးစီးသေးသော စီမံကိန်းများ ကျန်ရစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ကျန်ရစ်သော စီမံကိန်းများမှ အချို့စီမံကိန်းများ ဆောက်လုပ်ပြီးစီးခါနီးပြီဖြစ်ပေရာ ၂၀၂၂ တွင့် ဖွင့်လှစ်ရန် လျာထားသည်။

Zaha Hadid Architects က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယဒ်မှာ အကောင်အထည်ဖော်မယ့် ဘူတာရုံစီမံကိန်းအတွက် ဗိသုကာဒီဇိုင်း ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့ပါတယ်။

ဘူတာရုံကို King Abdullah Financial District ရဲ့ အစွန်တစ်နေရာမှာ တည်ဆောက်ပါတယ်။ မြို့တော်ရဲ့ မက်ခရိုရထားလိုင်း ၆ ခု အနက် ၃ ခု အကြား ရထားပြောင်းစီးဖို့ အဓိကကျတဲ့ ဘူတာရုံ ဖြစ်ပါတယ်။

ဘူတာရုံက ၄ ထပ် အဆောက်အဦဖြစ်ပြီး ရထားဆိုက်ကပ်ဖို့ ပလက်ဖောင်း ၆ ခု ပါဝင်ပါတယ်။ ကားရပ်ဖို့ မြေအောက်ထပ် ၂ ထပ် စီစဉ်ပေးထားပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Architecture Interior Decoration Read 684 times