ရန်ကုန်မြို့လယ်မှ Yoma Central စီမံကိန်း ယခုနှစ်ကုန် ပြန်စမည်


16 November, 2023

ရန်ကုန်မြို့လယ်မှ Yoma Central စီမံကိန်း ယခုနှစ်ကုန် ပြန်စမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ရန်ကုန်မြို့လယ်မှ Yoma Central စီမံကိန်း ယခုနှစ်ကုန် ပြန်စမည်ဖြစ်ပြီး ၂၀၂၁ နှစ်လယ်တွင် ဆောက်လုပ်ပြီးစီးရန် ရည်မှန်းထားသည်။

မြန်မာကုမ္ပဏီစုကြီး Yoma Group သည် ရန်ကုန်မြို့လယ်တွင် တည်ရှိသော စွယ်စုံသုံး Yoma Central အဆောက်အဦစီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် ရပ်နားထားခဲ့ပြီး ယခုအခါ ပြန်လည်စတင်တော့မည်ဟု ဆိုသည်။

စီမံကိန်း လုပ်ငန်းခွင်တွင် ပစ္စည်းများကို အလုပ်သမားများ နေရာရွှေ့ပြောင်းနေကြသည်။

Yoma Central စီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်မှုများသည် စီစဉ်ထားသည့်အတိုင်း အချိန်ဇယားကိုက် ဆက်လက်လုပ်ဆောင်နေကြောင်း စင်ကာပူ စတော့အိပ်ချိန်းစာရင်းဝငိ  Yoma Strategic Holdings မှ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။ 

စီမံကိန်းတွင် ၄ ဟက်တာခန့်ရှိသော မြေကွက်ပေါ်တွင် စွယ်စုံအသုံးပြုသည့် အဆောက်အဦ ၄ လုံး ပါဝင်သည်။ 
 
စီမံကိန်းတွင် Yoma Group နှင့်အတူ ဂျပန်မှ  Mitsubishi Corp နှင့် Mitsubishi Estate တို့ အတူပါဝင်ကြပြီး Yoma Group က ၆၀% ခန့်  ပိုင်ဆိုင်ပါသည်။  

Yoma Strategic အဆိုအရ မြန်မာ့နိုင်ငံရေး အခြေအနေ မသေချာသောကြောင့် ကုမ္ပဏီ ရြံးခန်းများ ငှားရမ်းဖို့ မလွယ်ကူသေးသဖြင့် လူနေတိုက်ခန်းများ ပါဝင်သည့် တာဝါအဆောက်အဦများကို အရင်ဆုံး ပြန်လည် စတင် ဆောက်လုပ်မည်။


ရန်ကုန်မြို့တွင် တန်ဖိုးကြီးအိမ်ရာ တိုက်ခန်းအသစ်များ နည်းပါးနေသေးသဖြင့်  ရေတိုနေထိုင်ရန်နှင့် ရင်းနှီးမြုပ်နှံမှုအဖြစ် ဝယ်ယူကြမည်ဟု Yoma Group က မျှော်မှန်းထားသည်။

၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁  နှစ်လယ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ကိုဗစ်ကာလ ရင်ဆိုင်ခဲ့ရခြင်းန‌ှင့် စစ်တပ်မှ အာဏာသိမ်းခြင်းတို့ကြောင့် စီမံကိန်းကို ရပ်နားထားခဲ့ရသည်။

အနီးရှိ The Peninsula Yangon ဟိုတယ် ဆောက်လုပ်ရေး စီမံကိန်းကိုလည်း ရပ်နားထားသည်။ 

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Local Read 597 times