နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်း


01 January, 2020

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ Amata Corporation Public Company Limited နှင့် Yangon Amata Smart and Eco City Limited တို့မှ တာဝန်ရှိသူတို့က Yangon Amata Smart and Eco City စီမံကိန်းအတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်၊ မြေငှားစာချုပ်နှင့် စီမံကိန်းနှင့်ဆက်စပ်သည့် မူဘောင်သဘောတူညီချက် စာချုပ်များအား ဇန်နဝါရီလ (၂၄) ရက်နေ့တွင် နေပြည်တော် Kempinski Hotel ၌လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 Yangon Amata Smart and Eco City စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် မြေဧက (၂၀၀၀) ကျယ်ဝန်းသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)ရှိ လေးထောင့်ကန်ကျေးရွာအနီးတွင် တည်ဆောက်မည့်စက်မှုဇုန်စီမံကိန်းလည်းပါဝင်ပါသည်။

 ထိုစီမံကိန်းမှ ပြည်သူများအတွက်အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၀၀၀ အထိဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်အခွန်များစွာ ရရှိနိုင်မည့်စီမံကိန်းဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ပြောကြားချက်အရသိရသည်။

 ထို့ပြင် စက်မှုဇုန်အတွင်းသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမှာဖြစ်သည့်အတွက် နိုင်ငံ၏စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတို့ကို မြှင့်တင်ပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးမှုအတွက်ကြီးမားသော အထောက်အပံ့များလည်းရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

Residential Read 98 times