အစိုးရ မူဝါဒ ပြဌာန်းချက်အရ အမြင့်နိမ့်ကျသွားတဲ့ မိုးမျှော်တိုက် Wuhan Greenland Center


05 January, 2022

အစိုးရ မူဝါဒ ပြဌာန်းချက်အရ အမြင့်နိမ့်ကျသွားတဲ့ မိုးမျှော်တိုက် Wuhan Greenland Center

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှ Wuhan Greenland Center မိုးမျှော်တိုက်တာဆောက်လုပ်ဆဲမှာ အစိုးရက မိုးမျှော်တိုက်တွေကို မူဝါဒပြောင်းလဲပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀ ( ပေ ၁,၆၀၀) ထက် မကျော်ရလို့ ပြဌာန်းလိုက်တယ်။ ဆောက်လက်စ တိုက်တာတွေလည်း အကျုံးဝင်တာကြောင့် မီတာ ၅၀၀ အထက် ဆောက်လက်စ မိုး‌ေမျှာ်တိုက်တာတွေ လုပ်ငန်းရပ်ဆိုင်းပြီး ဒီဇိုင်းအသစ် ပြန်ထုတ်ခဲ့ကြရတယ်။ 
Wuhan Greenland Center လည်း ဝမ်းနည်းစရာကောင်းလောက်အောင် အမြင့်ကို လျှော့ချခဲ့ရပါတယ်။
အဆင့် ၁၅ သို့ လျှောကျ
Wuhan Greenland Center ရဲ့ မူရင်းဒီဇိုင်း အစီအစဉ်မှာ အမြင့် ၆၃၆ မီတာ(၂,၀၈၇ ပေ) ဖြစ်ပါတယ်။
တရုတ်ပြည်မှ Shanghai Tower ထက် ၄.၃ မီတာ (၁၄ပေ) ပိုမြင့်တယ်။ 
ဂျပန်ပြည်မှ Tokyo Skytree ထက် ၂.၁ မီတာ (၇ပေ) ပိုမြင့်ပါတယ်။
ဆောက်လုပ်ပြီးစီးသွားတဲ့အခါ Wuhan Greenland Center က ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်တာ ဖြစ်လာမှာ ဖြစ်ပါတယ်။
၂၀၁၀ မှာ အဆိုပြုခဲ့ပြီး ၂၀၁၂ မှာ စတင်ဆောက်လုပ်ခဲ့ပါတယ်။ 
၉၆ ထပ်သို့ရောက်ရှိချိန်မှာ အစိုးရ မူဝါဒ အပြောင်းအလဲကြောင့် ရပ်လိုက်ရပါတယ်။ ပြဌာန်းချက်အသစ်အရ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀ မကျော်ရတဲ့အတွက် ဘောင်ဝင်အောင် အမြင့်ကို လျှော့ချပြီး ဒီဇိုင်းပြန်ထုတ်ခဲ့ရပါတယ်။
ဒီဇိုင်းအသစ်အရ အမြင့် ၄၇၆ မီတာ(၁,၅၆၂ ပေ) ရှိမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ပြီးစီးသွားတဲ့အခါ Wuhan Greenland Center က ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦများစာရင်းမှာ နံပါတ် (၁၅) နေရာ ကို ရရှိမှာ ဖြစ်ပါတယ်။
မြေပေါ်မှာ ၉၇ ထပ်၊ ‌ေြမအောက်ထပ် ၅ ထပ် ပါဝင်ပါတယ်။ ရုံးခန်းများနှင့် ဟိုတယ်တို့အဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့အစိုးရအဖွဲ့ ပိုင်ဆိုင်တဲ့အိမ်ရာဖွံ့ဖြိုးရေး အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်း Greenland Group မှ လုပ်ကိုင်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ 
ဗိသုကာဒီဇိုင်း ယှဉ်ပြိုင်ကြရာ Adrian Smith + Gordon Gill Architects နဲ့  Thornton Tomasetti Engineers တို့ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က အနိုင်ရခဲ့ပါတယ်။

 

 

 

 

 

 

 

Architecture Read 467 times