ဘန်ကောက် Whizdom101 ကွန်ဒိုဝယ်ယူမည့်သူများ ဘဏ်ချေးငွေရနိုင်တော့မည်


02 November, 2020


ဘန်ကောက်မြို့ရဲ့ဘိုးဘွားပိုင်မြေပေါ်တွင်တည်ဆောက်ထားသောအဆင့်မြင့်အိမ်ရာစီမံကိန်းWhizdom101ရှိ ကွန်ဒိုတိုက်ခန်းများအားဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံရှိနိုင်ငံခြားဘဏ်များမှဝယ်ယူမယ့်သူပေါ်မူတည်ပြီးဘဏ်ချေးငွေ ၅၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းအထိရရှိနိုင်မည်ဟုသိရသည်။

စတုရန်းပေ၈၇၀၀၀မှာတည်ဆောက်ထားပြီးအထပ်ပေါင်း၄၁ထပ်ရှိသောအဆောက်အဦးဖြစ်ကြောင်း၊ကျန်းမာ ရေးပြုလုပ်ရန်နှင့်အပန်းဖြေနေရာများ၊စီးပွားရေးလုပ်ငန်းများအတွက်ရုံးခန်းများပါဝင်ပြီး Punnawathiရထား ဘူတာရုံနှင့်မီတာ၃၀၀ခန့်ဝေးကြောင်းသိရသည်။ထိုWhizdom101ကွန်ဒိုတိုက်ခန်းအရောင်းပွဲအားနိုဗိုတယ် ဟိုတယ်တွင် ဇူလိုင်လ၂၂ရက်နှင့် ၂၃ရက်နေ့ နေ့လယ်၁၂း၀၀နာရီမှ ညနေ၆း၀၀နာရီအထိကျင်းပမည်ဖြစ် ကြောင်းသိရသည်။

အကျယ်အဝန်းစတုရန်းပေ၃၀၀ကျော်လောက်ရှိကြောင်း၊ဈေးနှုန်းမှာအနိမ့်ဆုံးသိန်း၁၅၀၀ခန့်ရှိကြောင်း၊အိမ်ရာ စီမံကိန်းအားဝယ်ယူမည့်မြန်မာနိုင်ငံသားများအနေနှင့်ထိုင်းနိုင်ငံရှိUOBနှင့်ICBCတို့တွင်နိုင်ငံခြားဘဏ်များမှ နိုင်ငံခြားသားအိမ်ရာချေးငွေကိုလျှောက်ထားနိုင်ကြောင်းသိရသည်။အိမ်ရာချေးငွေအမြင့်ဆုံး၇၀ရာခိုင်နှုန်း အထိရယူနိုင်ကြောင်းသိရသည်။

ဘဏ်အတိုးနှုန်းမှာတစ်နှစ်လျှင်ငါးရာခိုင်နှုန်းဝန်းကျင်ခန့်သာရှိပြီးမြန်မာနိုင်ငံထက်သက်သာကြောင်း၊လိုအပ် သောစာရွက်စာတမ်းနှင့်ဝယ်ယူမည့်သူပေါ်မူတည်ပြီးချေးငွေ၇၀ရာခိုင်နှုန်းထိရနိုင်ကြောင်းသိရသည်။

Kumudra Journal

Global Residential Read 22 times