ကျပ်သိန်း ၁၈ဝ သုံးနှစ်အရစ်ကျနှင့် Villa Bali အိမ်ရာဝင်းအတွင်း ပေ ၃ဝxပေ ၆ဝ မြေကွက်များကို ရောင်းချပေး


04 December, 2020

Villa Bali အိမ်ရာဝင်းအတွင်း ပေ ၃ဝxပေ ၆ဝ မြေကွက်များကို ကျပ်သိန်း ၁၈ဝ သုံးနှစ်အရစ်ကျ နှင့် KAE International မှ ရောင်းချပေးနေသည်ဟု သိရသည်။

ရောင်းချပေးမည့် မြေကွက် Villa Bali သည်မြေဧက ၆.၄ ဧကရှိပြီး အကွက်စုစုပေါင်း ၇ဝပါရှိမည်ဖြစ်သည်။

မြေတစ်ကွက်၏ အကျယ်အဝန်းသည် ပေ ၃ဝx ပေ၆ဝ (၁၈ဝဝ စတုရန်းပေ)ရှိပြီးအကွက်တိုင်းခြံစည်းရိုးခတ်ထားသည်။

Villa Bali သည် Kangyi Paradise Resort ၏အနီးတွင်တည်ရှိသည်။Kangyi Paradise Resort သည် ချောင်းသာနှင့် ငွေဆောင် ကမ်းခြေနှစ်ခုကြားရှိပြီး

Beach Resort အသစ်တစ်ခုအဖြစ်ပေါ်ထွက်လာမည်ဖြစ်သည်။

3 Stars အဆင့်ရှိသော Kangyi Paradise Resort နှင့် Private Vila များကို အကောင်အထည်ဖော်နေပြီဖြစ်ပြီး Kangyi Paradise Resort ကို စတင်ဆောက်လုပ်နေသလို

Private Villa များကိုလည်း နောက်နှစ်တွင် ရောင်းချပေးမည်ဖြစ်သည်။

အိမ်ရာတစ်ခုလုံးကို ပရိုက်ဗိတ်ဝင်းပုံစံ ခြံခတ်ပေးထားမည်ဖြစ်ပြီး မိမိခြံကွက်၏ ရှေ့နှင့် ပတ်ဝန်းကျင်တွင် ကားလမ်းဖောက်ပေးထားမည်ဖြစ်သည်။

Villa Bali ဝင်းထဲတွင် နေထိုင်သူများ အတွက် facilities များအနေနှင့် Swimming Pool,Cafe,24 Hours Mini Mart နှင့် 24 hours Sercurity များ ထားရှိမည်ဖြစ်သည်။

Special Payment အနေ ဖြင့် ပထမဆုံးသိန်း ၅ဝ ပေးသွင်းပီး ကျပ်သိန်း ၁၃ဝ ကို သုံးနှစ် အရစ်ကျနှင့် ပေးနိုင်သည်။

Villa Bali နှင့် ပင်လယ်ကမ်းခြေမှ သုံးမိနစ်လမ်းလျှောက်ရုံနှင့် ကမ်းခြေ ရောက်နိုင်သည်။

သုံးနှစ်အတွင်း Developer ကနေပြီးတော့ ဆောက်လုပ်ခွင့် ပါမစ်ကျအောင်လုပ်ပေးမည်ဖြစ်ပြီးအကြောင်းအမျိုးမျိုးကြောင့် မရခဲ့လျှင် မြေကွက်တန်ဖိုးကို တစ်နှစ်လျှင် ၈% အတိုးပြန်ပေးကာ

သုံးနှစ်တာ ၂၄% အမြတ်ပေးပြီး Developer မှ ပြန်ဝယ်ပေးမည်ဖြစ်ကြောင်း အာမခံပေးထားသည်။

Events Read 80 times