ရက်အကန့်အသတ်မရှိ ပိတ်ထားရတဲ့ Vessel (TKA)


08 November, 2021

ပျားအုံပုံစံ ဖြစ်သော Vessel (TKA) အဆောက်အဦသည် နယူးယောက်မြို့တွင် တည်ရှိသည်။ မြို့၏ အထင်ကရ ဖြစ်သော Manhattan ၏ Hudson Yards ၏ ဗဟိုချက်အဖြစ် တည်ဆောက်ထားသည်။ ခရုပတ် ဖွဲ့စည်းမှုတွင် ဘယ်ကိုမှ မရောက်သော လှေကားများ ၁၅၄ ခု ပါဝင်သည်။ လှေကားထစ် ၂၅၀၀ နီးပါး ရှိသည်။
Thomas Heatherwick  နှင့် Heatherwick Studio တို့က ဒီဇိုင်း ထုတ်ပေးထားသည်။
ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်းကျင် ရှိသည်။

အမြင့်ပေ ၁၅၀ ရှိသည်။ လှေကားလက်ရမ်းများသည် ၄ ပေ မြင့်သည်။

Vessel ဒီဇိုင်းစိတ်ကူးကို ၂၀၁၆ ခုနှစ်တွင် လူအများကို ပြသခဲ့သည်။ ဆောက်လုပ်ရေးကို ၂၀၁၇ ဧပြီလ တွင် စတင်သည်။ အဆောက်အဦ၏ အစိတ်အပိုင်းများကို အီတလီနိုင်ငံတွင် ထုတ်လုပ်ပြီး အမေရိကန်သို့ ပေးပို့ကာ တပ်ဆင်ဆောက်လုပ်သည်။ 
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ထိပ်ဆုံး အပိုင်းကို တပ်ဆင်ဆောက်လုပ်သည်။
၂၀၁၉ ခုနှစ် မတ်လတွင် အများပြည်သူ လာရောက်ရန် ဖွင့်လှစ်ခဲ့သည်။
 ယခုအခါ အောက်သို့ ခုန်ချပြီး သတ်သေသဖြင့် သေဆုံးသူ လေးဦး ရှိပြီဖြစ်သည်။ လက်ရမ်းပေါ် ခွကျော်ပြီး ခုန်ချခဲ့ကြခြင်း ဖြစ်သည်။ သတ်သေခြင်းများ ဖြစ်ပွားသဖြင့် ၂၀၂၁ ဇန်နဝါရီလတွင်  ဝင်ခွင့် ရက်အကန့်အသတ်မရှိ  ပိတ်ထားခဲ့သည်။ ၂၀၂၁ မေလတွင် ပြန်ဖွင့်ခဲ့သည်။ ထိုသို့ ပြန်ဖွင့်ခဲ့ရာတွင် တစ်ယောက်တည်း အပေါ်သို့ တက်ခွင့် မပေးချေ။ အနည်းဆုံး အဖော်တစ်ယောက်ပါမှ တက်ရန် ခွင့်ပြုသည် ။ လုံခြုံရေးလည်း တိုးမြှင့်ထားသည်။
၂၀၂၁ ဇူလိုင်လတွင် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် မိသားစုနှင့်အတူ အပေါ်သို့ တက်ခဲ့ပြီး မိသားစု ရှေ့မှောက်မှာ လက်ရန်းကို ကျော်တက်၍ ခုန်ချခဲ့သည်။ တားဖို့ ဆွဲဖို့ အချိန်မရလိုက်ချေ။
ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဝင်ခွင့် ရက်အကန့်အသတ်မရှိ ပြန်ပိတ်ထားရသည်။

 အမည်မှ TKA သည် "Temporarily Known As" ဟု ဆိုလိုသည်။ Vessel ဟု ယာယီအားဖြင့် သိကြသည်ဟု ဆိုလိုသည့် အမည် ဖြစ်သည်။

 

 

Architecture Read 442 times