ဗီယက်နမ်နိုင်ငံ၏ အဓိကပင်လယ်ကူးတံတား "Van Tien တံတား" ပြီးစီးလုနီးပြီ


21 December, 2021

ဗီယက်နမ်နိုင်ငံ၏ အဓိကပင်လယ်ကူးတံတား "Van Tien တံတား" ပြီးစီးလုနီးပြီ။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ခရိုင်အတွင်း အရှည်လျားဆုံး ပင်လယ်ကူးတံတား စီမံကိန်း ၏ အပိုင်းနှစ်ခုအား ချိတ်ဆက်မှုလုပ်ငန်းစဉ် ပြီးစီးပြီဖြစ်ပါတယ်။

Van Tien တံတားဟာ ကမ္ဘာကျော် Ha Long Bay တည်ရှိရာ Quang Ninh ခရိုင် Van Don နှင့် Tien Yen ခရိုင်ကို ဆက်သွယ်ထားပြီး တံတားအရှည်မှာ ၁.၅ ကီလိုမီတာ ရှည်လျားပါတယ်။
ဗီယက်နမ်ဒေါင် ၈၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅ သန်း) ကုန်ကျတဲ့ Van Don – Mong Cai အမြန်လမ်းစီမံကိန်း၏အကြီးဆုံးတံတားဖြစ်ပြီး Quang Ninh ခရိုင်တွင် အရှည်ဆုံးဖြစ်ပါတယ်။

ဗန်ဒွန်-မိုင်းကိုင် အမြန်လမ်းဖြစ်သည့်  ဗီယက်နမ်နိုင်ငံ၏ အရှည်လျားဆုံး လမ်းကြောင်း Hai Phong - Ha Long - Van Don - Mong Cai Expressway ၏ အစိတ်အပိုင်းဖြစ်ပြီး မြောက်ပိုင်းဆိပ်ကမ်းမြို့ Hai Phong နှင့် Quang Ninh ကို ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။

တံတားကို အားဖြည့်ကွန်ကရစ်ဖြင့် တည်ဆောက်ထားပါတယ်။ တံတားအကျယ်မှာ ၂၅.၂၅  မီတာ ကျယ်ဝန်းပြီး အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၂၀  ဖြင့် သွားလာနိုင်ပါတယ်။ အဆိုပါတံတားမှာ လေးလမ်းမောင်းယာဉ်လမ်းနှင့် အရေးပေါ်လမ်းနှစ်ကြောင်း ပါရှိမည်ဖြစ်ပါတယ်။

ရေစီးကြမ်းမှုနှင့် အနက် ၁၇မီတာအောက် ကျောက်လွှာများအပါအဝင် ရှုပ်ထွေးတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ဘူမိဗေဒအခြေအနေတွေကြောင့် အခက်အခဲတွေကြားက ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်ထားရပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားပါတယ်။

အခုအချိန်မှာတော့ အခြေခံတည်ဆောက်မှုလုပ်ငန်းစဉ်များ ပြီးစီးလုနီးဖြစ်နေပြီး ကတ္တရာခင်းခြင်းနဲ့ မီးအလှဆင် လုပ်ငန်းစဉ်များသာ ကျန်ရှိတော့ပါတယ်။

ဒီ ပရောဂျက်ကို လူအင်အား လုပ်သားနှင့် အင်ဂျင်နီယာ ၃၀၀ နီးပါးဖြင့် လုပ်ကိုင်ခဲ့ပါတယ်။

Van Tien တံတားသည် မီတာ ၄၅၀ ရှည်လျားသည့် Dai Xuyen တံတားနှင့် ဆက်သွယ်ထားပြီး ကုန်ကျစရိတ်မှာ ဗီယက်နမ်ဒေါင်  ၁၆၇ ဘီလီယံဖြစ်ပါတယ်။

Van Tien မှ တစ်ကီလိုမီတာအကွာတွင် ၈၁၇ မီတာရှည်သော Tien Yen အမှတ် ၁ တံတားရှိပါတယ်။ Dai Xuyen နှင့် Tien Yen အမှတ် ၁ တံတားနှစ်ခုစလုံးသည် Van Dong – Mong Cai အမြန်လမ်းများဖြစ်ကြပါတယ်။

စီမံကိန်းရင်းနှီးမြုပ်နှံသူ Quang Ninh ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် လမ်းဆောက်လုပ်ရေး  စီမံခန့်ခွဲရေးဘုတ်အဖွဲ့ ဒါရိုက်တာ  Vu Van Khanh က Van Don - Mong Cai အမြန်လမ်းမှာ  တည်ဆောက်နေတဲ့  စုစုပေါင်း တံတား ၃၂ စင်းရှိပြီး ၎င်းတို့အားလုံးကို ယခုလအတွင်း အပြီးသတ်ရန် ဘုတ်အဖွဲ့မှ ရည်မှန်းထားကြောင်း ပြောကြားပါတယ်။

Van Tien နှင့် Tien Yen အမှတ် ၁ တံတားများသို့  လာတဲ့လမ်းကို ဖောက်လုပ်ဆဲဖြစ်တယ်။ ဒီလမ်းက တောင်တွေကိုဖြတ်ကာ တည်ဆောက်ထားပြီး  ဗန်ဒွန်-မိုင်းကိုင် အမြန်လမ်းတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဗီယက်နမ်ဒေါင် ၁၁.၁၉၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၈၆.၆ သန်း) ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်ပါတယ်။

အရှည် ၈၀.၂၃ ကီလိုမီတာ ၊ အကျယ် ၂၅.၂၅မီတာ ရှိပြီး လေးလမ်းသွား ဖြစ်ပါတယ်။ ဒီလမ်းကြောင်းက လက်ရှိမှာ ဗီယက်နမ်နိုင်ငံ၏ အရှည်လျားဆုံး အမြန်လမ်းဖြစ်ပြီး ဗန်ဒွန်ခရိုင်မှ ဗီယက်နမ်-တရုတ်နယ်စပ်ဂိတ်အနီး မိုင်းကိုင်မြို့သို့ ခရီးသွားချိန်ကို နှစ်နာရီမှ  ဒီတံတားစီမံကိန်းပြီးစီးသွားချိန်မှာဆိုရင်တော့ မိနစ် ၅၀သာ ကြာမြင့်တော့မှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
 

Infrastructure and Zones Read 417 times