မြေတန်ဖိုးမပါဘဲရောင်းချနိုင်မည့် ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်း အဆိုပြုလွှာဖိတ်ခ


16 August, 2019

ဒဂုံမြို့သစ်မြောက်ပိုင်း U9 ပြည်သူ့အိမ်ရာစီမံကိန်းဖော်ဆောင်ရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပြုလွှာဖိတ်ခေါ်ထားကြောင်းနိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် တန်ဖိုးနည်း၊တန်ဖိုးသင့်ပြည်သူ့အိမ်ရာစီမံကိန်းများအား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုပုံစံဖြင့် ရည်ရွယ်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်မင်းရောင်လမ်းပေါ်ရှိ မြေတိုင်းရပ်ကွက်အမှတ် (၄၈/U9) ၊မြေဧရိယာ အကျယ်အဝန်း(၂၆) ဧကခန့်ပေါ်တွင် U9 အိမ်ရာစီမံကိန်းအား ရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းအားကြီးကြပ်ဆောင်ရွက်ရန် Tender Coordinator အဖြစ် Yangon Metropolitan Development Public Co.,Ltd ကိုတာဝန်ပေးအပ်ထားကြောင်းသိရသည်။

U9 စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရမှ စီမံကိန်းမြေအား ပေးအပ်မည်ဖြစ်သည်။၎င်းစီမံကိန်၏ Master Plan ပါဝင်သော တန်ဖိုးနည်း၊တန်ဖိုးသင့်အိမ်ရာများ၊ဘက်စ်ကားမှတ်တိုင်နှင့် အခြေခံအဆောက်အအုံများတည်ဆောက်ပြီး ပြည်သူလူထုကို ရောင်းချရာတွင် မြေတန်ဖိုးထည့်သွင်းစဉ်းစားရန်မလိုဘဲ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက အဆိုပါစီမံကိန်းအတွက် စိတ်ဝင်စားသော ပြည်တွင်း ပြည်ပကုမ္ပဏီ များအား စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)ဖိတ်ခေါ်ထားသည်။

အဆိုပြုလွှာတင်သွင်းနိုင်ရန် တင်ဒါလျှောက်လွှာများအား ယခုဩဂုတ်လ ၁၉ ရက်မှ ၃၀ ရက်အတွင်း ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပေးပိုရမည်ဖြစ်ကြောင်းသိရသည်။

Local Housing Read 364 times