ဟီတာချီရဲ့ စက်လှေကားအသစ် TX Serices


04 November, 2020

ဟီတာချီလီမိတက်နှင့် ဟီတာချီဆောက်လုပ်ရေးစနစ်ကုမ္ပဏီတို့မှ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် အာရှနှင့် အရှေ့အလယ်ပိုင်းတို့အတွက် TX စီးရီး စက်လှေကားအသစ်များကို ဈေးကွက်အတွင်း မိတ်ဆက်ရောင်းချသွားမည်ဟု သိရသည်။ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အဆိုပါဒေသများတွင် ဟီတာချီ TX စီးရီး ဓာတ်လှေကား ခုရေ တစ်သောင်းရောင်းချရန် ရည်မှန်းထားသည်ဟု ဆိုသည်။

စက်လှေကားတွင် ခြေထောက်ညပ်ခြင်းသည် စက်လှေကား အသုံးပြု၏ ဖိနပ်သည် လှေကားထစ်နှင့် ဘေးဖက်နံရံကြားတွင် ညပ်မိတတ်ခြင်းမှ အစပြုသည်။

20170823 HItachi escalator article main image

ထိုသို့ မဖြစ်စေရန် TX စီးရီး စက်လှေကားများတွင် လှေကားထစ်များ၏ ဘေးဘက်သည် အလယ်အစိတ်အပိုင်းထက် တစ်လက်မ၏ သုံးပုံတစ်ပုံသာသာကို ပိုမြင့်ပေးထားပါသည့်အပြင် အစွန်နေရာတွင် အမွေးမျှင်များ ကို

ဘရှပ်များသဖွယ် တပ်ဆင်ပေးထားသဖြင့် စက်လှေကားပေါ် တက်ရပ်သူသည် ၎င်းအမွေးမျှင်များ ထိမိရာမှ မိမိခြေထောက်သည် ဘေးဘက်နံရံနှင် ထိနေပြီဖြစ်ကြောင်းကို

သတိမူမိမည်ဖြစ်သည်။ ထို့ပြင် TX စီးရီး စက်လှေကားများတွင် အတက်နှင့်အဆင်း ပြုသည့်နေရာ၌ ခြေချော်ခြင်းမှ ကာကွယ်နိုင်ရန် ၎င်းနေရာရှိ ခြေနင်းပြားများကို အထူးပြုလုပ်ထားသည်။

ဟီတာချီသည် စက်လှေကားအပြင် ဓာတ်လှေကားများကိုလည်း အဆင့်မြင့် နည်းပညာ၊ ဆန်းသစ်ထားသည့် ဒီဇိုင်းများဖြင့် ထုတ်လုပ်လျက် ရှိသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက်တွင် သတင်း

ထုတ်ပြန်ကြေညာခဲ့ရာ၌ အလွန်မြန်နှုန်းမြင့် ဓာတ်လှေကားကို အောင်မြင်စွာ တပ်ဆင်သုံးစွဲနိုင်ခဲ့ပြီး ၁၄ ဓာတ်လှေကား၏ အမြင့်ဆုံး အမြန်နှုန်းသည် တစ်မိနစ်လျှင် ၁၂၆၀ မီတာ (၄၁၃၄ ပေ)ပြေးသည်။ 

img l3

ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကား စံချိန်သစ် တင်နိုင်ခဲ့သည်။

၎င်းမြန်နှုန်းမြင့် ဓာတ်လှေကားကို တရုတ်နိုင်ငံရှိ Guangzhou CTF Finance Centre တွင် တပ်ဆင်ပြီး စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

လက်တွေ့သုံးစွဲသည့်အခါ တစ်မိနစ်လျှင် ၁၂၀၀ မီတာ အမြန်နှုန်းကို သုံးစွဲစေမည်ဟု သိရသည်။

ထိုသို့ အမြန်နှုန်းဖြင့် ပြေးတက်ပြေးဆင်းပြုနေစဉ် မြန်ဆန်လွန်းသဖြင့် ဖြစ်ပေါ်သော တုန်ခါမှုများ ဓာတ်လှေကားအခန်းသို့ မသက်ရောက်စေရန် စီမံထားသည့်အပြင်

ဓာတ်လှေကားအခန်းတွင်းရှိ လေဖိအားကိုလည်း ထိန်းပေးထားခြင်းဖြင့် စီးသူများ နားအူခြင်း မဖြစ်ပွားအောင် စီမံထားသည်။

Global Tips Read 63 times