အာဖရိကတိုက် ခါးလယ်ကန့်လန့်ဖြတ်  ရထားလမ်း


06 November, 2023

အာဖရိကတိုက် ခါးလယ်ကန့်လန့်ဖြတ်  ရထားလမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အတ္တလန္တိတ်နှင့် အိန္ဒိယသမုဒ္ဒရာများကို ဆက်သွယ်ပေးသည့် အာဖရိကတိုက် ခါးလယ်ကန့်လန့်ဖြတ် မီးရထားလမ်းတစ်ခု တည်ဆောက်ရန် ရာစုနှစ်တစ်ခု ကြာခဲ့ပြီဖြစ်သော ဗြိတိသျှတို့၏ အိပ်မက်သည် တရုတ်‌ေချးငွေများဖြင့် လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပါသည်။

 အာဖရိကနိုင်ငံများသည် ဗြိတိသျှ၊ ပြင်သစ်နှင့် ပေါ်တူဂီတို့၏ ကိုလိုနီ နိုင်ငံများ ဖြစ်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ဖောက်လုပ်ခဲ့သည့် ရထားလမ်းများကို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးရေး အကူအညီတို့ဖြင့် အဆင့်မြှင့်တင်သည်။

 
 

 

အင်ဂိုလာ ပြည်တွင်းစစ်သည် ၂၇ နှစ် ကြာမြင့်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီးသောအခါ  ရထားလမ်းများကို ပြန်ကောင်းအောင် လုပ်ဆောင်ခဲ့သည်။    ထို့အတွက် အင်ဂိုလာ အစိုးရက တရုတ်ထံမှ ချေးငွေ နှင့် အကူအညီ ရယူခဲ့သည်။  
တရုတ်မှ နိုင်ငံပိုင်လုပ်ငန်း  China Railway Construction (CRCC) က အင်ဂိုလာနိုင်ငံရှိ အတ္တလန္တိတ် သမုဒ္ဒရာ ဆိပ်ကမ်း  Lobito  နှင့် ကွန်ဂိုနိုင်ငံနယ်စပ်ရှိ အင်ဂိုလာ၏ မြို့ Luau သို့ ဆက်သွယ်ပေးသည့် ၁,၃၄၄  ကီလိုမီတာရှည်သော Benguela ရထားလမ်းတွင် ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ဆောင်ရွက်ပြီးစီးခဲ့သည်။
 
တရုတ်ကုမ္ပဏီသည် ၁၉၂၉ ခုနှစ်တွင် ပေါ်တူဂီမှ ကိုလိုနီခေတ်တွင် ခင်းထားသော 1,067mm သံလမ်းအကျဉ်းကို 1,435mm standard gauge သံလမ်းအကျယ် ဖြင့် အစားထိုးခဲ့သည်။
ရထားလမ်းအဟောင်းသည် သံလမ်းအကျဉ်း ဖြစ်သဖြင့် တနာရီ ကီလိုမီတာ ၃၀ အမြန်နှုန်းအထိသာ ခုတ်မောင်းနိုင်ပြီး လမ်းအသစ်သည် သံလမ်းအကျယ် ဖြစ်သဖြင့် တနာရီ ကီလိုမီတာ ၉၀ အမြန်နှုန်းအထိ ခုတ်မောင်းနိုင်သည်။


ယခုအခါ အင်ဂိုလာမှ Benguela ရထားလမ်းသည် အဆင့်မြှင့်တင် ပေးထားသော ကွန်ဂိုနှင့် ဇမ်ဘီယာတို့မှ ရထားလမ်းများနှင့် ချိတ်ဆက်ထားပြီ ဖြစ်သည်။ 
Benguela ရထားလမ်းကို China International Fund မှ ကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေဖြင့် ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။

တန်ဇန်းရထားလမ်းဟုလည်း လူသိများသော ၁,၈၆၀ ကီလိုမီတာရှည်သော Tazara ရထားလမ်းကို ၁၉၇၀ ပြည့်နှစ်အလွန်တွင်  တည်ဆောက်ခဲ့ပြီး တန်ဇန်းနီးယားနှင့် ဇမ်ဘီယာတို့ကို ဆက်သွယ်ပေးခဲ့သည်။
Benguela နှင့် Tazara ရထားလမ်းနှစ်ခု ချိတ်ဆက်လိုက်သောအခါ အာဖရိကတိုက်ကို ခါးလယ်မှ ကန့်လန့်ဖြတ်ပြီး အရှေ့ကမ်းရိုးတန်းနှင့် အနောက်ကမ်းရိုးတန်းတို့အကြား ဆက်မိသွားသည်။ အိန္ဒိယနှင့် အတ္တလန်တိတ် သမုဒ္ဒရာတို့ကို ရထားလမ်းဖြင့် ချိတ်ဆက်ပေးထားသည်။

 
အိန္ဒိယသမုဒ္ဒရာဘက် ကမ်းရိုးတန်းရှိ တန်ဇန်းနီးယားတွင်   အကြီးစား ဆိပ်ကမ်း အသစ် Bagamoyo ကို တရုတ်ချေးငွေ ၊ တရုတ်အကူအညီဖြင့် ဆောက်လုပ်ထားသည်။ ကြေးနီအပါအဝင် ကုန်ကြမ်းများကို ၎င်းဆိပ်ကမ်းမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့သည်။ 
Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 301 times