မြို့နယ် ၆ ခုတွင် Toll Gate များတည်ဆောက်ကောက်ခံခြင်း တင်ဒါခေါ်ယူမည်


16 August, 2019

တိုင်းဒေသကြီးစည်ပင်လက်အောက်ရှိမြို့နယ် သန်လျင်၊ ကျောက်တန်း ၊ ခရမ်း၊ သုံးခွ၊ တွံတေး ၊ ကွမ်းခြံကုန်း  မြို့နယ် စသည့် ၆ မြို့နယ်တွင် မြို့ဝင်ကြေး Toll Gate တည်ဆောက်ခြင်းနှင့် ကောက်ခံခြင်းလုပ်ငန်းများ BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါခေါ်ယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန တင်ဒါကော်မတီ မှသိရသည်။
အဆိုပါလုပ်ငန်းများကို မြန်မာနိုင်ငံသားတိုင်းရင်းသားများပိုင် ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်။

အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို သြဂုတ်လ ၃၀ တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး လျှောက်လွှာများကို စက်တင်ဘာလ ၂၇ ရက်နောက်ထားဝယ်ယူနိုင်မည်ဖြစ်သည်။

တင်ဒါတင်များကို အောက်တိုဘာလ ၃ ရက်နေ့မနက် ၁၀ နာရီတွင်နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး ၁၀ နာရီနောက်ပိုင်းတွင် ဖွင့်လစ်ကြေငြာပေးသွားမည်ဟု အဆိုပါတင်ဒါကော်မတီမှသိရသည်။

အသေးစိတ်အချက်များကို 
ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၊ 
အင်ဂျင်နီယာဌာန၊ 
ဖုန်း ၀၉-၉၅၃၁၂၉၆၆၀ ၊ 
၀၉- ၇၈၂၀၄၂၇၅၉ ၊
 ၀၉- ၇၈၃၆၆၉၆၆ 
သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန တင်ဒါကော်မတီမှ သိရသည်။

Myanmar Builders Guide

Infrastructure Read 425 times