မန္တလေးမြို့က Than Lwin Nadi ကွန်ဒိုကို 15% အထိ သက်သာစွာဖြင့် စတင်အရောင်းဖွင့်လှစ်မည်


16 September, 2019

မန္တလေးမြို့ ၊ ၂၃ လမ်းပေါ်ရှိ Than Lwin Nadi ကွန်ဒိုအရောင်းပြပွဲကြီးကို iMyanmarHouse.com မှ ကြီးမှူး၍ စက်တင်ဘာလ (၇ ၊ ၈ ၊ ၉ ရက်)နေ့များတွင် ၊ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ ကွန်ဒိုတည်ရှိရာ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Than Lwin Nadi Condoရဲ့ တည်နေရာကတော့ ၂၃လမ်း ၊ ၈၂ နှင့် ၈၃ လမ်းကြား ၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့မှာ ဖြစ်ပါတယ်။

Than Lwin Nadi ကွန်ဒိုကို အရည်အသွေးစိတ်ချရသည့် NTL Construction မှ ဘိုးဘွားပိုင်မြေတွင် တည်ဆောက်ထားပြီး နေထိုင်ခွင့် BCC ရပြီးဖြစ်သည့်အတွက် အခန်းဝယ်ယူပြီးသည်နှင့် အဆင်သင့် နေထိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Than Lwin Nadi ကွန်ဒိုမှာ အထပ်ပေါင်း (၁၂) ထပ်ရှိပြီး အခန်းပေါင်း (၈၀) ကျော်ပါဝင်ပါတယ်။ အခန်းအကျယ်အဝန်းမှာ 1150 sqft မှ 1550 sqft အထိ ရွေးချယ်ဝယ်ယူနိုင်မည်လည်း ဖြစ်ပါတယ်။ Facilities များအနေဖြင့် ၊ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ ကလေးကစားကွင်း များလည်း ပါဝင်ပါတယ်။ Roof-top တွင် luxury Swimming Pool ပါရှိမည်လည်းဖြစ်ပါတယ်။ ကွန်ဒို၏ အနီးအနားတွင် ဈေးချို ၊ မန္တလေးကျုံး ၊ ဆေးရုံ နှင့် ကျောင်း တို့တည်ရှိသည့်အတွက် သွားလာရလွယ်ကူပြီး အချက်အချာကျသည့် Locationလေးလည်း ဖြစ်ပါတယ်။

“ ယခုကျင်းပမဲ့ အရောင်းပြပွဲ(၃)ရက်အတွင်း Than Lwin Nadi ကွန်ဒိုမှ အခန်းကောင်းတွေကို ၁၅%အထိ လျှော့ဈေးနဲ့ ဦးဦးဖျားဖျား ရွေးချယ်ဝယ်ယူနိုင်မှာပါ။ အထူးဈေးနှုန်းတွေအပြင် (၂၄) လ အထိအတိုးမဲ့ အရစ်ကျလည်း ပေးသွင်းနိုင်ပါတယ်။ နှစ်ရှည်ပေးသွင်းချင်တဲ့သူများအတွက် AYA Home Loan နဲ့ (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးထားပါတယ်။ အသင့်ဆောက်ပြီးဖြစ်လို့ အဆောက်အဦးအရည်အသွေးနဲ့ အခန်းဖွဲ့တွေကို ပြပွဲအတွင်း ကိုယ်တိုင်လာရောက် လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားထားပါတယ်။
 

Events Read 261 times