အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရန်တင်ဒါအောင်မြင်ထားပြီး


17 November, 2020

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရန် အိန္ဒိယအစိုးရ၏ အမျိုးသားအဝေးပြေးလမ်းမများ အာဏာပိုင်အဖွဲ့မှ

စီစဉ်နေခြင်းသည် မြန်မာပြည်တွင်း စီးပွားရေးဖွံ့ဖြိုးရန် အထောက်အကူဖြစ်စေရန် အတွက်ကြိုဆိုသင့်သည်ဟုစီးပွားရေးပညာရှင်အချို့မှ ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်အင်အားကြီးနိုင်ငံနှစ်ခုကြားတွင် ရှိသည့်အတွက် ကုန်းလမ်းမှ ကုန်စည်ပို့ဆောင်မှုများရှိခဲ့သည်။

လမ်းများ မကောင်းသည့်အတွက် ကုန်စည်စီးဆင်းမှုနှေးကွေးနေပြီး ယခုလိုအိန္ဒိယမှ မြန်မာကိုဖြတ်၍ ထိုင်းထိ အမြန်လမ်းမကြီးဖောက်လုပ်မည်ဆိုပါက

ကုန်စည်စီးဆင်းမှုယခင်ထက်ပိုမြန်လာပြီး သွင်းကုန် ပို့ကုန် များပိုများလာပြီး နောက်ပိုင်းတွင်ငွေကြေးစီးဝင်မှု များလာသည်နှငိ့အမျှ ပြည်တွင်းစီးပွားရေးပိုဖွံ့ဖြိုးလာမည်ဖြစ်သည်။

အိန္ဒိယမှ ထိုင်းအားလမ်းဖောက်ပြီးတရုတ်ကလည်း မြန်မာနှင့် ပိုးလမ်းမကြီးစီမံကိန်းရှိသည်။အားလုံးချိတ်ဆက်မိလျှင်အာရှလမ်းမကြီး များဖြစ်လာပြီး

မဲခေါင်မြစ်ဝှမ်းစီမံကိန်းများအရလည်း အာဆီယံကွန်ရက်လမ်းများဖြစ်လာမည်။

အိန္ဒိယအစိုးရ၏အမျိုးသားအဝေးပြေးလမ်းမများအာဏာပိုင်အဖွဲ့မှ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံဆက် အဝေးပြေးလမ်းမလုပ်ကိုင်ခွင့်ရသည့်ကုမ္ပဏီများအားထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၏ကုမ္ပဏီနှစ်ခုဖြစ်သည့် Punj Lloyd နှင့်Varaha Infra တို့သည် Joint Venture အဖြစ်အကျိုးတူပူးပေါင်းပြီး အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေးလမ်းဖောက်လုပ်ရေး

လုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားကြောင်းသိရသည်။

အဓိက ဦးဆောင်ကုမ္ပဏီဖြစ်သည့် Punh Lloyd သည်နိုင်ငံတကာ လျှပ်စစ်စွမ်းအင် ရရှိရေးလုပ်ငန်းများမှာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့အပြင် မြို့တွင်းလမ်း၊အဝေးပြေးလမ်း၊မိုးပျံလမ်း၊တံတား၊ရထားလမ်း၊လောင်စာဆီနှင့် ဂက်စ်သိုလှောင်နိုင်သည့် အဆောက်အအုံ၊စွမ်းအင်ထုတ်လုပ်သည့်

အဆောက်အအုံများ၊ဂက်စ်ပိုက်လိုင်းများတည်ဆောက်သည့် လုပ်ငန်းများတွင်ကုမ္ပဏီလေးခုခွဲ၍ ဆောင်ရွက်ပေးနေသည်။

အိန္ဒိယအစိုးရနှင့် တင်ဒါအောင် ကုမ္ပဏီများအကြား သီးခြားသဘောတူညီချက်အဖြစ် တမူး-ကလေးလမ်းပိုင်းတစ်လျှောက်တွင်ရှိသော တံတား ၆၉စင်းအဆင့်မြှင့်တင်ရန်လည်း ပါဝင်သည်။

အိန္ဒိယအမျိုးသား အဝေးပြေးလမ်းမများ အာဏာပိုင်အဖွဲ့သည် မြန်မာအစိုးရနှင့်တွေ့ဆုံပြီး လမ်းတည်ဆောက်ရေးလုပ်ငန်းများတွင်မြေရယူသုံးစွဲခွင့်များအတွက် ဆွေးနွေးရဦးမည်ဖြစ်သည်။

အဝေးပြေးလမ်းတည်ဆောက်ရန်ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ်မြန်မာပြည်လာရောက်စဉ်ကတည်းက မြန်မာအစိုးရ နှင့် သဘောတူညီမှုရရှိထားပြီးဖြစ်သည်။

Punj Lloyd ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံအတွင်းတွင်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ဖူးသော အတွေ့အကြုံလည်းရှိသည်။

ပထမဆုံးအနေနှင့် နယ်နိမိတ်ချင်းထိစပ်သောမြန်မာနိုင်ငံအားဖြတ်သန်းပြီး အိန္ဒိယနှင့်ထိုင်းနိုင်ငံအားဆက်သွယ်ပေးမည့် လမ်းမကြီးကိုစတင်ဖောက်လုပ်မည်ဖြစ်သည်။

သုံးနိုင်ငံဆက်အဝေးပြေးလမ်းနှင့်အပြိုင်ရထားလမ်းတစ်ခုကိုလည်စတင်ဖောက်လုပ်မည်ဖြစ်သည်။

Region Housing Read 158 times