တောင်ကိုရီးယားမှာ Steel ContiNew ဆိုင်စီမံကိန်း POSCO အကောင်အထည်ဖော်


26 July, 2023

တောင်ကိုရီးယားမှာ Steel ContiNew ဆိုင်စီမံကိန်း POSCO အကောင်အထည်ဖော်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တောင်ကိုရီးယား အခြေစိုက် စတီးလုပ်ငန်းကြီး POSCO သည် တောင်ကိုရီးယားတွင် Steel ContiNew ဆိုင်စီမံကိန်းကို စတင်အကောင်အထည်ဖော်ပါသည်။


စွန့်ပစ်ထားသော အိမ်များကို အကြိမ်‌ရေ အကန့်အသတ်မရှိ ပြန်လည်အသုံးပြုနိုင်သည့် သံကို အသုံးပြု၍ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များအစရှိသည့် ရေရှည်တည်တံ့သော နေရာများအဖြစ် ပြန်လည်အသုံးပြုနိုင်ရန် ဆောက်လုပ်ပေးပါသည်။
 
ကိုရီးယား ဘာသာစကားတွင် "steel" ဝေါဟာရသည် အဓိပ္ပာယ် နှစ်မျိုး ရှိပါသည်။
သံတူကြောင်းကွဲ တစ်ခုမှာ စတီးသတ္တုကို ဆိုလိုသည်။
အခြား သံတူကြောင်းကွဲ တစ်ခုမှာ ဆက်ရှိနေ"ဆဲ" ဟု ဆိုလိုသည်။ အနာဂတ်တွင် ဆက်လက်သုံးစွဲနေဆဲဟု ဆိုလိုသည်။ 
ထိုအချက်သည် Steel ContiNew စီမံကိန်း၏ အခြေခံသဘောတရား ဖြစ်သည်။ 
ContiNew သည် "ဆက်လက်" continue နှင့် အသံထွက် ဆင်တူပါသည်။
အသုံးမပြုတော့သည့် အဆောက်အဦကို ဆက်လက်သုံးစွဲနေသော အဆောက်အဦအဖြစ်သို့ ရောက်စေပြီး ဆက်လက်သုံးစွဲနေဆဲ အဆောက်အဦအဖြစ် တည်ရှိနေမည် ဖြစ်သည်။

“ကိုရီးယားနိုင်ငံမှာ ကလေးမွေးဖွားနှုန်း နည်းတာကြောင့် လူဦးရေ လျော့ကျမှု ပြဿနာကို  အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဖြစ်ပါတယ်။ လူမနေတော့တဲ့ စွန့်ပစ်အိမ်များ တိုးလာခြင်းဟာ လူမှုရေးဆိုင်ရာကိစ္စ ဖြစ်နေပါတယ်" ဟု POSCO မှ တာဝန်ရှိသူတဦးက ပြောကြားသည်။
၎င်းပြဿနာကို ကိုင်တွယ် ဖြေရှင်းပေးရန် Steel ContiNew ကို အကောင်အထည် ဖော်ပါသည်။
 
Steel ContiNew သည် အဆောက်အဦးအလွတ်များအတွက် ပြန်လည်မွမ်းမံပြင်ဆင်ခြင်း စီမံကိန်းတစ်ခုမျှသာ မဟုတ်ပါ။

POSCO သည် ခရီးသွားလုပ်ငန်းကို ဆွဲဆောင်ရန်အတွက် ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များအဖြစ် ပြောင်းလဲပေးပြီး ရွာတစ်ရွာလုံးကို ပြန်လည်ထူထောင်‌ပေးရန် ရည်မှန်းထားသည်။

စတီးထုတ်လုပ်သူ POSCO သည် စိတ်ကြိုက်ဂဟေဆော်ထားသည့် သံမဏိ H-beam ဖြစ်သော Pos-H ကို စွန့်ပစ်အိမ်များ ပြန်လည်မွမ်းမံပြင်ဆင်ရန်အတွက် အခြေခံအဖြစ် အဆောက်အဦများတွင် အသုံးပြုသည်။

Pos-H သည် အခြား H-ပုံသဏ္ဌာန် သံမဏိ ယက်မ များထက် စျေးသက်သာပြီး တုန်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ လိုအပ်ချက်နှင့်အညီ အဆီလျော်ဆုံး အရွယ်အစားဖြင့် ထုပ်လုပ်ပေးနိုင်သည်။

လူမနေတော့သည့် စွန့်ပစ်အိမ်တစ်လုံးကို စားသောက်ဆိုင်အဖြစ် ပြုပြင်မွမ်းမံပေးထားပုံ

 

အဆောက်အဦးများ၏ ခေါင်မိုးနှင့် အပြင်ပိုင်းအတွက် ကုမ္ပဏီသည် နှစ် ၂၀ အာမခံချက် ပါရှိသော သံချေးတက်မှုဒဏ် ခံနိုင်သည့် PosMAC သံမဏိကို အသုံးပြုရန် စီစဉ်ထားသည်။
PosMAC ဖြင့်ပြုလုပ်ထားသော ဆိုလာအမိုးကို လက်ရှိ အမိုးအဟောင်းပေါ်တွင် ထပ်မိုးပေးထားနိုင်သည်။
နေရောင်ခြည်စွမ်းအင်သုံး မော်ဂျူးများကို ထောက်၊ တန်း အစရှိသည့် အထောက်အပံ့များ  မလိုအပ်ဘဲ တပ်ဆင်နိုင်သည်။

Source koreatimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global Read 308 times