ဟိုချီးမင်းစီးတီးမှာ 'sleep box' အခန်းငှား ဝန်ဆောင်မှု ရေပန်းစား


27 October, 2023

ဟိုချီးမင်းစီးတီးမှာ 'sleep box' အခန်းငှား ဝန်ဆောင်မှု ရေပန်းစား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


'sleep box'ပုံစံ အခန်းငယ်ကို လေဆိပ်များတွင် သုံးလေ့ရှိသည်။ ခရီးသွားတဦး လေယာဉ် စောင့်နေစဉ် နားနေရန်အတွက် ဖြစ်သည်။

 

 


ဗီယက်နမ်နိုင်ငံ ဟိုချီးမင်းစီးတီးတွင် အိပ်စရာ တနေရာ ငှားရမ်းသည့် "Sleep box"အခန်းငှား ဝန်ဆောင်မှုများ  ရေပန်းစားလျက် ရှိသည်။
 
ဟိုချီးမင်းစီးတီးတွင် တိုက်ခန်းအများအပြားသည်  ကြမ်းခင်းဧရိယာမှာ ၂ စတုရန်းမီတာ ဝန်းကျင် ရှိသည့် 'sleep box'ပုံစံဖြင့် အခန်းများ ငှားရမ်းကြသည်။။ 

တိုက်ခန်းပိုင်ရှင်သည် လေးထောင့်ပုံးများအဖြစ် ကန့်ပေးပြီး တလ ဒေါင် ၁.၈-၂ သန်း ($73.35-81.5) ဖြင့် ငှားရမ်းသည်။ ကျောင်းသား၊ အလုပ်သမား၊ ဝင်ငွေနိမ့်ကျသူတို့က ငှားရမ်း နေထိုင်ကြသည်။

 

 

 

Tan Binh ခရိုင် Hoang Van Thu လမ်းမှ တိုက်ခန်းသည် ကြမ်းခင်းဧရိယာ ၂၀ စတုရန်းမီတာ ရှိပြီး sleep box ၁၆ ခု တည်ဆောက်ထားသည်။ ငှားရမ်းခ တလ ဒေါင် ၁.၈ သန်း သတ်မှတ်သည်။ ရေဖိုးမီးဖိုး အပါအဝင် ဖြစ်သည်။ 

 


sleep box အတန်း ၂ တန်းရှိပြီး အလယ်တွင် ၅၀ စင်တီမီတာ ကျယ်သည့် လူသွားလမ်း ရှိသည်။ ‌အပေါ်ဘက် အဆင့်များသို့ အတက်အဆင်း အတွက် လှေကား တပ်ပေးထားသည်။

 

sleep သည် အကျယ် ၁ မီတာ၊ အလျား ၁ မီတာ ရှိသည်။ အပေါက်ဝကို ပိတ်ကာရန် ခန်းဆီးတပ်ဆင်ထားသည်။

အဝတ်အစားထားရန်၊ ပစ္စည်း သိမ်းရန် ဘီဒို စီစဉ်ပေးထားသည်။ 

 

မန်နေဂျာ Nguyen ၏ sleep box တိုက်ခန်းတွင် sleep box တကန့် ငှားရမ်းခ တလ ဒေါင် ၁၅ သန်း သတ်မှတ်သည်။ ပျဉ်ပြားများဖြင့် sleep box အကန့်များ ဖွဲ့တည်ထားသည်။ စုစုပေါင်း ၁၆ ခု ရှိသည်။ အမျိူသမီးများကို ငှားရမ်းသည်။

အများသုံးအဖြစ် လျှပ်စစ်မီးဖို၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့ ထားရှိပေးထားသည်။
ရေချိုးခန်း တခန်း ပါသည်။ 

 

 

Vu Quoc Tuan က "sleep box" မော်ဒယ်ကို သူတီထွင်ခဲ့သည်ဟု ဆိုသည်။ ၂၀၂၁ ခုနှစ် ဇွန်လတွင် အမျိုးသား ဉာဏပစ္စည်း မူပိုင်ခွင့်ရုံးတွင် မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သည်။
သူက sleep box ကို မီးခံပြားများ၊ စတီးဖရိန်များဖြင့် တည်ဆောက်သည်။ 

 


လျှပ်စစ်ဓာတ်အားအတွက် ဖြူးစ်ပါသည့် ပလပ်ပေါက် တပေါက်ပါသည်။ ဓာတ်အား အလွန်အကျွံ ဖြစ်လျှင် ဖြူးစ် ပြတ်သွားမည် ဖြစ်သည်။ 

 “ကျွန်တော့ sleep box မော်ဒယ်ကို အခုနောက်ပိုင်း နေရာတော်တော်များများမှာ စျေးသက်သက်သာသာနဲ့ လုပ်ကြတယ်၊ မီးလောင်လွယ်တဲ့ ပျဉ်ပြားတွေ သုံးတယ်။ ပလပ်တိုင်းမှာ ဖြူးစ်ပါတဲ့ဟာ မသုံးဘူး။ ဒီတော့ မီးဘေးအန္တရာယ် ရှိတယ်" ဟု သူက ပြောသည်။

 

ဗီယက်နမ်တွင် 'sleep box'ပုံစံ အခန်းငယ်အတွက် စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ထားခြင်း မရှိသေးပါ။ 

 


အချို့တိုက်ခန်းများတွင် ငှားရမ်းသူတို့၏ မော်တော်ဆိုင်ကယ်ထားရန် နေရာကို မြေညီထပ် စင်္ကြံတွင် ကြမ်းးခင်းပေါ်မှာ စည်းတား၍ နေရာသတ်မှတ်ပေးထားသည်။ အဝင်အထွက် ပင်မတံခါးကို တံခါး ၂ ထပ် တပ်ဆင်ထားသည်။  လက်ဗွေနှိပ်ပြီး တံခါးသော့ကို ဖွင့်ရသည်။ 

 


၅ ထပ်တိုက်တစ်ခုမှ  sleep box ဝန်ဆောာင်မှု ပိတ်ပင်ခံရသည်။ ကြမ်းခင်းဧရိယာ ၅၁၆ စတုရန်းမီတာပေါ်တွင်  sleep box ၁၂၅ ခန်း ဖွဲ့ထားသည်။ 
 sleep box  များ ဆောက်ထားသည့် ဒီဇိုင်းမှာလည်း အတည်ပြု ခွင့်ပြုပေးထားသည့် ဒီဇိုင်းအတိုင်း လိုက်နာခြင်း မရှိချေ။ 
အရေးပေါ် ထွက်ပေါက်နှင့် ပြေးလမ်း မရှိချေ။ မီးလောင်လျှင် ငြိမ်းသတ်မည့် ရေဖြန်းစနစ် မရှိ။ မီးသတ်ဘူးများလည်း ဆောင်မထားချေ။ 


Source vnexpress
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 

Residential Read 337 times