အရစ်ကျစနစ်နဲ့ လူတိုင်းအိမ်ရာပိုင်ဆိုင်နိုင်ဖို့အတွက် Shwe Property ရဲ့ အိမ်ခြံမြေအရောင်းပြပွဲကြီး


02 November, 2020

 

၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်အထိ ရန်ကုန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် အိမ်ခြံမြေအရောင်းပြပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရပါတယ်။

Shwe Property မှ လူတိုင်းအိမ်ပိုင်ဆိုင်ဖို့နဲ့ လူတန်းစားမရွေး အိမ်ဝယ်နိုင်ဖို့ မြန်မာနိုင်ငံ၏ အကြီးဆုံး ဘဏ်များနှင့် ချိတ်ဆက်ပြီး အိမ်ခြံမြေအရောင်းပြပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပထမဦးဆုံး အိမ်ဝယ်ယူမည့်သူတွေနဲ့ လခစားဝန်ထမ်းတွေ၊ အိမ်ရာပိုင်ဆိုင်ဖို့ အခက်အခဲရှိတဲ့ သူတွေဟာ ပြပွဲမှာ ပါဝင်ပြသမည့် အကြီးဆုံးဘဏ်များနဲ့ ချိတ်ဆက်ပြီး ဘဏ်ချေးငွေနဲ့ အရစ်ကျငွေပေးချေ၍ အိမ်ရာပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ချေးငွေပမာဏများအား အထူးနှုန်းထားများဖြင့် ပံ့ပိုးကူညီပေးသွားမည့် ဘဏ်များက KBZ Bank, UAB Bank, CB Bank, CHD Bank, AYA Bank နဲ့  YOMA Bank တို့ဖြစ်ပါတယ်။

ပြပွဲအတွင်း ဝယ်ယူမည့်သူများအတွက် တစ်နှစ်မှ ဆယ့်ငါးနှစ်အထိ အရစ်ကျငွေပေးချေမှုပုံစံနဲ့အတူ အထူးလျော့ဈေး အစီအစဉ်တွေလည်း ပါဝင်မည်ဟု သိရပါတယ်။

ပြပွဲမှာ ပါဝင်မည့် မြို့နယ်ပေါင်းစုံတွင်ရှိတဲ့ အိမ်ခြံမြေ ပရောဂျက်ပေါင်း ၂၀၀ ကျော်ကို မြန်မာ့ဒိတ်ဒိတ်ကြဲ အိမ်ခြံမြေကုမ္ပဏီ ၅၀ ကျော်က ပြသရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။

ကျပ်သိန်းပေါင်း ၂၀၀ ကျော်မှ သိန်းပေါင်း ၁၀၀၀ နှင့်အထက် အိမ်ခြံမြေများကို ရောင်းချပေးသွားမည်ဟု သိရပါတယ်။ ကျပ်သိန်း တစ်သောင်းနှင့် အထက်ရှိတဲ့ အဆင့်မြင့်အိမ်ရာ ကွန်ဒို တွေကိုလည်း ပြပွဲနေ့တွင် ပြသသွားမှာဖြစ်ပါတယ်။

ပြပွဲတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ စာရေးဆရာများဖြစ်တဲ့ ဆရာကျော်ကျော်လှိုင်၊ ဆရာမောင်သာချို၊ ဆရာဇင်ယော်နီ အစရှိတဲ့ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်များ၏ ဟောပြောဆွေးနွေးမှုများလည်း ပါဝင်မှာဖြစ်ပါတယ်။

ပထမဦးဆုံး အိမ်ဝယ်ယူမည့်သူတွေအတွက်ကို အဓိကထားပြသပေးတာဖြစ်ပြီး ကြင်စဦးဇနီးမောင်နှံများ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ မိသားစုများတွက် သူတို့ကြိုက်နှစ်သက်တဲ့ သူတို့သုံးနိုင်တဲ့ ငွေကြေးနဲ့အတူ အိမ်ရာ ဝယ်နိုင်တော့မှာကြောင်း သိရပါတယ်။

ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ မြန်မာ့အကြီးမားဆုံး အိမ်ခြံမြေပြပွဲကြီးမှာ နိုင်ငံတကာအိမ်ရာစီမံကိန်း တွေလည်း ပါဝင်ပြသသွားမှာဖြစ်သလို မြန်မာပြည်၏ ဇိမ်ခံအပန်းဖြေအိမ်ရာတွေနဲ့ တန်ဖိုးသင့်ကွန်ဒို၊ တိုက်ခန်းအိမ်ရာတွေလည်း ပါဝင်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြပွဲမှာ ပထမဦးဆုံး အိမ်ရာဝယ်ယူမည့်သူ ၁၀ ဦးကို စင်္ကာပူသို့ ၃ ရက်တာ အလည်အပတ်ခရီးစဉ် ပို့ပေးမှာဖြစ်သလို ကံစမ်းမဲအစီအစဉ်များ၊ အထူးလျော့ဈေးအစီအစဉ်များလည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
 

Events Read 35 times