ဂျက်မားဇနီး စင်ကာပူနိုင်ငံသူ စင်ကာပူတွင် ဒေါ်လာ သန်း ၅၀ တန် shophouse ၃ ခန်း ဝယ်ယူ


21 February, 2024

ဂျက်မားဇနီး စင်ကာပူနိုင်ငံသူ စင်ကာပူတွင် ဒေါ်လာ သန်း ၅၀ တန် shophouse ၃ ခန်း ဝယ်ယူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Alibaba Group ပူးတွဲတည်ထောင်သူ ဂျက်မား ၏ဇနီး Zhang Ying သည် စင်ကာပူနိုင်ငံ  Duxton လမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်း သုံးခန်းအတွက် စင်ကာပူဒေါ်လာ ၄၅-၅၀ သန်း ပေးချေခဲ့ကြောင်း သတင်းထွက်ပေါ်သည်။

 

The Business Times ၏ ဖော်ပြချက်အရ စင်ကာပူနိုင်ငံသား ခံယူထားသည့် Zhang Ying သည်  70၊ 71 နှင့် 72 Duxton Road တွင် သုံးခန်းတွဲကို ဝယ်ယူခဲ့သည်။ ၉၉ နှစ် ဂရမ်အငှားသက်တမ်းရှိပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စတင်သည်။ သို့ဖြစ်ရာ ၆၃.၅ နှစ် သက်တမ်းကျန်ရှိသေးသည်။

၎င်း၃ခန်းတွဲ ကြမ်းခင်းဧရိယာ စုစုပေါင်းမှာ ခန့်မှန်းခြေအားဖြင့် စတုရန်းပေ ၁၀,၇၀၀ ရှိပြီး မြေကွက် ဧရိယာမှာ ၃,၂၃၉ စတုရန်းပေ ရှိသည်။

 

 

 စျေးဆိုင်ခန်းများကို မကြာသေးမီက ပြန်လည်ပြုပြင်မွမ်းမံထားသဖြင့် ဈေးတင်၍ ရောင်းချမည်ဟု ထင်ကြေးပေးကြသည်။

 

ပြုပြင်မွမ်းမံရာတွင် ဓာတ်လှေကား တပ်ဆင်ခဲ့သည်။ မြေညီထပ်သည် စားသောက်ဆိုင်အတွက် ဖြစ်ပြီး ကျန်အထပ်များသည် ရုံးခန်းအတွက် ဖြစ်သည်။

 

ဆိုင်ခန်းများ တည်ရှိသည့်နေရာတဝိုက်သည် တရုတ်တန်း အနီးအနားတွင် ဖြစ်ပြီး ဈေးမြင့်သည့် နေရာ ဖြစ်ပါသည်။ 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Tips Read 285 times